ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ အင်္ဂပူမြို့နယ်၊ ဟင်္သာတမြို့နယ်တို့တွင် စိုက်ပျိုးထားသော မိုးစပါးစံပြစိုက်ကွင်းများနှင့် ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် စိုက်ပျိုးထားသော မိုးစပါး စံပြစိုက်ကွင်းများသို့ သွားရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၂.၉.၂၀၁၈)ရက်နေ့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိဌာနဆိုင်ရာများနှင့်အတူ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ အင်္ဂပူမြို့နယ်၊ ဟင်္သာတမြို့နယ်တို့တွင် စိုက်ပျိုးထားသော မိုးစပါးစံပြစိုက်ကွင်းများနှင့် ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် စိုက်ပျိုးထားသော မိုးစပါး စံပြစိုက်ကွင်းများသို့ သွားရောက်၍ မြေချဉ်ငံဓာတ်အပေါ်တွင် စမ်းသပ်စစ်ဆေးဆောင်ရွက်မှုများအရ ထုံးထည့်သွင်းခြင်း၊ သဘာဝမြေသြဇာ ထည့်သွင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းအားဖြင့် အပင်အမြစ် လေဝင်လေထွက် ကောင်းမွန်ပြီး အပင်ပွားနှုန်း၊ အစာစုပ်ယူမှု ပိုမိုကောင်းမွန်၍ မျှော်မှန်းထားသည့် အထွက်ထက် ပိုမိုထွက်ရှိလာပါက ​တောင်သူတစ်ဦးချင်းဝင်ငွေ တိုးတက်လာမည်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

 

14-Sep-2018