ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်ခရိုင်နှင့်ဟင်္သာတခရိုင်အတွင်းရှိ မိုးစပါး စိုက်ကွင်းများအား သွားရောက်ကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၁.၉.၂၀၁၈)ရက်နေ့၊ နံနက် (၁၁၀၀)နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိဌာနဆိုင်ရာများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးသည် ဆန်ရေစပါး အလွန်ပေါများသော တိုင်းဒေသကြီးဖြစ်ပြီး မြန်မာနိုင်ငံတွင် ဆန်ရေစပါး အလွန်ပေါများတဲ့အတွက် စပါးကျီ (ကျည်)လို့ တင်စားခဲ့ရတဲ့တိုင်း ဖြစ်သည့်အားလျော်စွာ ဆန်စပါးနဲ့ ပတ်သက်ပြီး ပိုမိုအဆင့်အတန်းမြင့်စေရန်နှင့် စိုက်နှုန်းအထွက်များတိုးကာ တောင်သူများအတွက် ပိုမိုကောင်းမွန်တဲ့ လိုအပ်ချက်တွေ ဖြည့်ပေးနိုင်ရန်အတွက် ပုသိမ်ခရိုင်နှင့်ဟင်္သာတခရိုင်အတွင်းရှိ မိုးစပါး စိုက်ကွင်းများအား သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ပါသည်။

12-Sep-2018