ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မအူပင်မြို့နယ်၊ ငါးကျီးဂရက်ကျေးရွာ၊ စံပြကျေးရွာရှိ တောင်သူဦးချစ်တင်၊ ဦးချစ်သိန်းတို့၏ ဘက်စုံအဆင့်မြင့်နည်းပညာသုံး ထုံးစံပြကွက် (၅)ဧကစိုက်ခင်း စံပြကွက် စမ်းသပ်ကွက်များ ဆောင်ရွက်ထားရှိမှု အခြေအနေကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၉.၉.၂၀၁၈)ရက်နေ့၊ နံနက် (၁၁၀၀)နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိဌာနဆိုင်ရာများ၊ ဒေသခံတောင်သူလယ်သမားများနှင့်အတူ မအူပင်မြို့နယ်၊ ငါးကျီးဂရက်ကျေးရွာ၊ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာရှိ တောင်သူဦးချစ်တင်၊ ဦးချစ်သိန်းတို့၏ ထုံးစံပြကွက် (၅)ဧကစိုက်ခင်းသို့ ရောက်ရှိခဲ့ပြီး တိုင်းစိုက်ပျိုးရေး ဒုတိုင်းဦးစီးမှူးမှ စံပြကွက် စမ်းသပ်ကွက်များ ဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်းပြောကြားမှုအပေါ် ကြည့်ရှုခဲ့ပါသည်။

ထို့နောက် ဝန်ကြီးချုပ်မှ တောင်သူလယ်သမားများအား လမ်းညွှန်အမှာစကား ပြောကြားရာတွင် ကိုယ့်ရွာ၊ ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံဖွံ့ဖြိုးစေရန် နိုင်ငံရေး အသိစိတ်ဓာတ်ရှိကြရန်နှင့် မိမိတို့ကိုယ်တိုင်ကြိုးစားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးဝန်ထမ်းများနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် သီးနှံအထွက်တိုးလာပါက တောင်သူများ ကြွယ်ဝချမ်းသာလာမှာဖြစ်ပြီး နိုင်ငံလည်း ဖွံ့ဖြိုးလာမှာဖြစ်ပါကြောင်း၊ ယခုနည်းပညာများကို မိမိတို့ကိုယ်တိုင် စမ်းသပ်လုပ်ကိုင်ကြည့်ပြီး အကျိုးများမှ လက်ခံဆောင်ရွက်ကြရန်နှင့် ဌာနဆိုင်ရာများမှလည်း ပူးပေါင်းကူညီပေးကြရန် မှာကြားလိုကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနှင့်လည်း စိုက်ပျိုးရေးကဏ္ဍ တိုးတက်မြင့်မားရေးအတွက် ထောက်ပံ့ဆောင်ရွက် ပေးလျက်ရှိပါကြောင်း မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၁၅၀၀)နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာရှိ တောင်သူဦးဝင်းစိန်၏ ၂၀၁၈ ခုနှစ် မိုးရာသီ ထုံးထည့်သွင်းခြင်း (၃)ဧကစံပြကွက်နှင့် ဆင်းသုခစပါးစီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ်စံပြ (၅)ဧကစိုက်ခင်းသို့ ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ပါသည်။

12-Sep-2018