ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်နှင့် ရွှေပါရမီပဲနို့အာဟာရ ဖောင်ဒေးရှင်းတို့မှ ပူးပေါင်း၍ ပဲနို့စက်နှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းပွဲသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၉.၉.၂၀၁၈)ရက်နေ့၊ နံနက် (၁၁၀၀)နာရီတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ရွှေပါရမီပဲနို့အာဟာရ ဖောင်ဒေးရှင်း ဥက္ကဋ္ဌနှင့်အလှူရှင်များ၊  တိုင်း/ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိဌာနဆိုင်ရာများနှင့်အတူ မအူပင်မြို့နယ်၊ ထနီးကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်နှင့် ရွှေပါရမီပဲနို့အာဟာရ ဖောင်ဒေးရှင်းတို့မှ ပူးပေါင်း၍ ပဲနို့စက်နှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်၍ အမှာစကား ပြောကြားရာတွင် ထူးချွန်ထက်မြက်သည့် အနာဂတ် လူတော်လူကောင်းများ မွေးထုတ်နိုင်ရေး၊ ကျန်းမာသန်စွမ်းသော လူငယ်များအတွက် မှန်ကန်တဲ့ နေ့စဉ်စားသောက်နေထိုင်သည့် အလေ့အထ တစ်ရပ်ကို ရရှိလာစေရန် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ လှူဒါန်းသည့် ပဲနို့စက်ကို ရေရှည်အသုံးပြုနိုင်ရန်အတွက် ထိန်းသိမ်းစောင့်ရှောက်ဖို့ရာ သက်ဆိုင်သူ အားလုံးမှာ တာဝန်ရှိမှာဖြစ်ကြောင်း၊ ယခုလို ပရိုတင်းဓာတ်ကြွယ်ဝသော ပဲနို့သောက်သုံးခြင်းကို ကလေးများအား တိုက်ကျွေးခြင်းဟာ အနာဂတ်နိုင်ငံတော်ရဲ့ ကျန်းမာသန်စွမ်းသော လူငယ်များ ဖြစ်စေမည့်အပြင် အမျိုးသားပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲပေးမည့် အစီအစဉ်များအား များစွာအထာက်အကူပြုမည့် ဆောင်ရွက်ချက်တစ်ရပ်ပင် ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး ရွှေပါရမီပဲနို့အာဟာရဖောင်ဒေးရှင်းတို့မှ လှူဒါန်းသော ပဲနို့စက်နှင့် ဆက်စပ်ပစ္စည်းများအား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ကျောင်းအကျိုးတော်ဆောင် အဖွဲ့တို့ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျောင်းသားကျောင်းသူများအား ပဲနို့အာဟာရများ တိုက်ကျွေးခဲ့ပါသည်။

12-Sep-2018