ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည်၂၀၁၈ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့၊ နေ့လည်(၁၃၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်း / ခရိုင် / မြို့နယ်အဆင့်တာဝန်ရှိဌာနဆိုင်ရာများ၊  ဖိတ်ကြားထား သောဧည့်သည်တော်များနှင့်အတူ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကာ အဖွင့်အမှာစကား ပြောကြားရာတွင်“ ဧရာဝတီတိုင်းဒေသကြီးအတွင်း လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်း ခံရမှုများ ပြန်လည်စိစစ်ရေးလုပ်ငန်းကိုလမ်းညွှန်ချက်နှင့်အညီ ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလအတွင်း လုပ်ငန်းများပြီးပြတ်အောင် အဓိကကဏ္ဍတစ်ရပ် အနေဖြင့်အလေးထား ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တိုင်းဒေသကြီးအဆင့် မြေ/စစ်ကော်မတီအစည်းအဝေးကို လစဉ်ပြုလုပ်ခဲ့ပြီး အမှုတွဲ ပေါင်း(၄၃၀)ကို စိစစ်ဆုံးဖြတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ လက်ကျန်အမှုတွဲများကို ပြန်လည်စိစစ်ရာ တိုင်းဒေသကြီးမြေ/စစ်ကော်မတီတွင် အမှုတွဲ(၃၇)တွဲ၊ ခရိုင်/မြို့နယ် အဆင့်မြေ/စစ်ကော်မတီများ တွင်(၁၅၃၂)တွဲ၊ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုမြေ/စစ်ကော်မတီများတွင် (၇၄၂)တွဲ စိစစ်ဆဲ ဖြစ်ကြောင်း၊ မြေစစ်ကော်မတီအဆင့်ဆင့်အနေဖြင့် မူဝါဒ (၅၂)ချက်ပါ ညွှန်ကြားချက်များ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ညွှန်ကြားထားသော အချက်(၄)ချက်အား အလေးထားလိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

ဆက်လက်၍  ခရိုင်လယ်ယာမြေနှင့်အခြားမြေ များသိမ်းဆည်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဌများက သိမ်းဆည်းမြေဆိုင်ရာလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအားရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေး၊သယံ ဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးမှ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ထို့နောက် တိုင်းဒေသကြီးမြေ/စစ်ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးတင်ပြကာ ဝန်ကြီးချုပ်မှနိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

 

 

07-Sep-2018