ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဟိုတယ်ဝန်ဆောင်မှု စာတွေ့သင်တန်းပြီးမြောက်မှုနှင့် အခြေခံအိမ်တွင်းမှုသင်တန်းကျောင်းအမှတ်စဉ် (၇)၊ အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ် (၆)သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၇.၉.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ပုသိမ်မြို့၊ ကြောင်ပန်းကုန်းကျေးရွာ၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် ဟိုတယ်ဝန်ဆောင်မှု စာတွေ့သင်တန်းပြီးမြောက်မှုနှင့် အခြေခံအိမ်တွင်းမှုသင်တန်းကျောင်းအမှတ်စဉ် (၇)၊ အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ် (၆)သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ကာ သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် နယ်စပ်ဒေသရှိ တိုင်းရင်းသူကလေးများကို အိမ်တွင်းမှု သက်မွေးပညာရပ်များ သင်ကြားပေးခြင်းအားဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ ရိုးရာယဉ်ကျေးမှု အိမ်တွင်းမှု အတတ်ပညာရပ်များ ပိုမိုထွန်းကား ပြန့်ပွားလာမည်ဖြစ်ကြောင်း၊ မိမိတို့တတ်မြောက်ထားသော ပညာရပ်များကိုလည်း မိမိပတ်ဝန်းကျင်ကို ပြန်လည်ဆင့်ပွားပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တာဝန်ရှိသူများမှ သင်တန်းသူများအား ထူးချွန်ဆုများနှင့် သင်တန်းဆင်းအောင်လက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူတင်စကား ပြောကြားကာ ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။
07-Sep-2018