ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်သည် ၂၀၁၈ ခုနှစ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ကျင်းပပြုလုပ်နေမှုအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်သည် (၃.၉.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့်အတူ ပုသိမ်မြို့၊ အထက (၁)၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး ၂၀၁၈ ခုနှစ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ကျင်းပပြုလုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။ အဆိုပါ ပြိုင်ပွဲသို့ အထက်တန်းနှင့်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲဝင် စုစုပေါင်း (၂၂၆)ဦး၊ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲဝင် စုစုပေါင်း (၁၅၁)ဦး၊ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကာတွန်းပြိုင်ပွဲဝင် စုစုပေါင်း (၇၃)ဦး၊ အထက်တန်းအဆင့်နှင့်အလယ်တန်းအဆင့် ပိုစတာပြိုင်ပွဲတွင် စုစု​ပေါင်း (၂၇)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။

07-Sep-2018