ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ရွှေခရုကြိုတင်ကာကွယ်ရေးစမ်းသပ်ကွက်နှင့် စီးပွားဖြစ် မျိုးသန့်မျိုးစေ့ ထုတ်လုပ်နိုင်သည့် စိုက်ခင်းများ ထုံးထည့်သွင်းခြင်း၊ စမ်းသပ်ကွက်များ အဆင့်မြင့် နည်းပညာသုံး စိုက်ခင်းဧက (၅၀၀)စံပြစိုက်ခင်းအား ကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၅.၈.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တာ၀န်ရှိတိုင်းအဆင့်ဌာဆိုင်ရာများနှင့်အတူ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု၊ ဂျပ်ချောင်းကျေးရွာရှိ တောင်သူဦးစံသောင်း၏ လယ်မြေအတွင်း စီးပွားဖြစ် မျိုးသန့်မျိုးစေ့ စိုက်ပျိုးထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ ရတနာဧရာ ကျေးလက်ဒေသလူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များ မှာကြားခဲ့ပါသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာရှိ တောင်သူဦးတင်အောင်သန်း၏ လယ်မြေအတွင်း ရွှေခရုကြိုတင်ကာကွယ်ရေးစမ်းသပ်ကွက်နှင့် စီးပွားဖြစ် မျိုးသန့်မျိုးစေ့ ထုတ်လုပ်နိုင်သည့် စိုက်ခင်းများ ထုံးထည့်သွင်းခြင်း၊ စမ်းသပ်ကွက်များ အဆင့်မြင့် နည်းပညာသုံး စိုက်ခင်းဧက (၅၀၀)စံပြစိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုထားမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် ဝန်ကြီးချုပ်မှ လိုအပ်ချက်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
07-Sep-2018