ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မော်လမြိုင်ကျွန်းမြို့နယ်၊ စော်ကဲချောင်းကျေးရွာအုပ်စု၊ စော်ကဲချောင်းကျေးရွာတွင် လမ်းအမှတ် (၁၀)၊ ဘိုကလေး - မော်လမြိုင်ကျွန်း - ကျုံမငေး - ဝါးခယ်မ - မြောင်းမြလမ်းပေါ်ရှိ စော်ကဲတံတား (၂၄၆၀)ပေ တည်ဆောက်နေမှုအခြေအနေအား ကြည့်ရှုပြီး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၅.၈.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တာ၀န်ရှိတိုင်းအဆင့်ဌာဆိုင်ရာများနှင့်အတူ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ စော်ကဲချောင်းကျေးရွာအုပ်စု၊ စော်ကဲချောင်းကျေးရွာတွင် လမ်းအမှတ် (၁၀)၊ ဘိုကလေး - မော်လမြိုင်ကျွန်း - ကျုံမငေး - ဝါးခယ်မ - မြောင်းမြလမ်းပေါ်ရှိ စော်ကဲတံတား (၂၄၆၀)ပေ တည်ဆောက်နေမှုအခြေအနေအား ကြည့်ရှုပြီး တံတားဦးစီးဌာနမှ တည်ဆောက်နေမှု အခြေအနေနှင့် ကျွန်းကုန်းတံတား (၇၈၇.၄)ပေ တည်ဆောက်မည့် အခြေအနေတို့အား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

အဆိုပါ စော်ကဲတံတား တည်ဆောက်ပြီးစီးသွားပါက ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ကျုံမငေး၊ ဝါးခယ်မ၊ မြောင်းမြမြို့တို့ရှိ ဒေသခံပြည်သူများအနေဖြင့် ယခင်ကထက် အချိန်ကုန်သက်သာ၍ သွားလာရေးပိုမိုလွယ်ကူအဆင်ပြေလာမည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး အခြေအနေများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။

07-Sep-2018