ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မြို့နယ်ပြည်သူ့ဆေးရုံအသစ်ဆောက်လုပ်နေမှု အခြေအနေနှင့် ဒေးဒရဲမြို့နယ်၊ တော်ကြက်ကျေးရွာတွင် JEONGHO Co.,Ltd မှ တာဝန်ယူ၍ International အထည်ချုပ်စက်ရုံဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၄.၈.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တာ၀န်ရှိတိုင်းအဆင့်ဌာဆိုင်ရာများနှင့်အတူ ဒေးဒရဲမြို့နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံအသစ်ဆောက်လုပ်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေးဒရဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဧည့်ခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၁၇၀၅)နာရီအချိန်တွင် ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ တော်ကြက်ကျေးရွာတွင် JEONGHO Co.,Ltd မှ တာဝန်ယူ၍ International အထည်ချုပ်စက်ရုံ​ဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှုခဲ့ပြီး ကုမ္ပဏီမှ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။ (၁၈၂၀)နာရီအချိန်တွင် ဒေးဒရဲမြို့၊ ကမ်းနားလမ်းတွင် ဆိပ်ခံဗောတံတားနှင့် မြစ်ကမ်းထိန်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုခဲ့ပါသည်။

07-Sep-2018