ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ အောင်ဇေယျခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးကျောင်းနှင့် ထူးချွန် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၉.၆.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ အလှူရှင်များနှင့်အတူ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ အောင်ဇေယျခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးကျောင်းနှင့် ထူးချွန် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ပထမဦးစွာ ပညာရေးကဏ္ဍပြောင်းလဲမှုများအနေဖြင့် ယခုအခါ KG တန်းအား Grade 1 အဖြစ်မှ Grade 2 အဖြစ် သင်ကြားနေပြီး နောက်ပိုင်းတွင် မူလတန်းအဆင့်ကို (၅)တန်းအထိ၊ အလယ်တန်းအဆင့်ကို (၆)တန်းမှ (၉)တန်းအထိ၊ အထက်တန်းအဆင့်ကို (၁၀)တန်းမှ (၁၂)တန်းအထိ ခွဲခြားသတ်မှတ်ဆောင်ရွက်သွဦးမှာဖြစ်ကြောင်း၊ ၎င်း (၁၂)တန်း ပညာရေးစနစ်သစ်အတွက် ဆရာ/ဆရာမများကို မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချသွားမှာဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရမှ ပညာရေးကဏ္ဍအတွက် ကျောင်းဝင်ကြေးအခမဲ့၊ အားကစားကြေး၊ စာကြည့်တိုက်ကြေးများကို ကောက်ခံခြင်းမပြုဘဲ အခမဲ့​ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဆင်းရဲနွမ်းပါးချို့တဲ့ ကျောင်းသား/ကျောင်းသူများကိုလည်း ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ပါကြောင်း၊ ပညာရည်ထူးချွန်ထက်မြက်သော ကလေးများကိုလည်း ထောက်ပံ့ငွေများ ချီးမြှင့်ပေးလျက်ရှိပါကြောင်း၊ မြန်အောင်မြို့နယ်အတွင်း လိုအပ်သည့်နေရာများတွင် ကျောင်းဆောင်သစ်များ ဆောက်လုပ်နိုင်ရန်အတွက် ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်၌ ရန်ပုံငွေကျပ် (၆၀၉၉)သိန်း ခွင့်ပြုချထားပေးခဲ့ပါကြောင်း၊ ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း (၁၃)ကျောင်းတို့အား အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း၊ ပညာရေးဝန်ထမ်းများအား အဆင့်အလိုက် သင်တန်းများပေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်ပေးခြင်း၊ ဆရာ/ဆရာမများ၏ အရည်အသွေး တိုးတက်လာစေရေးအတွက် သင်တန်းများ စဉ်ဆက်မပြတ် ပို့ချပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးကဏ္ဍသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးကြီးဆုံး အခန်းကဏ္ဍမှ ပါဝင်နေတာဖြစ်တဲ့အတွက် မိဘများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများမှ ချမှတ်ထားသော ပညာရေးမျှော်မှန်းချက်များအတိုင်း အောင်မြင်အောင် ပူးပေါင်းကြိုးစား ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့မှ အောင်ချက်အကောင်းဆုံး ကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမများ၊ သင်ကြားထူးချွန် ဆရာ/ဆရာမများ၊ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် (၅)ဘာသာ ဂုဏ်ထူးရှင် (၄)ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင် (၁၀)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင် (၈၁)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင် (၁၀၀)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင် (၁၈၇)ဦး၊ စုစုပေါင်း (၃၈၂)ဦးတို့အား ဂုဏ်ပြုဆုတံဆိပ်များ အသီးသီးချီးမြှင့်ပေးအပ်၍ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

03-Jul-2018