ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဟင်္သာတခရိုင်၊ မြန်အောင်မြို့၊ ဘိုးဘွားရိပ်သာ၀င်းအတွင်း တည်ဆောက်ဆဲ ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် မြန်အောင်မြို့၊ ဘိုဘွားရိပ်သာ တည်ဆောက်ရေး အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၃၀.၆.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်အောင်မြို့၊ ဘိုးဘွားရိပ်သာ ဖြစ်မြောက်ရေး ကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဆွေနှင့်အဖွဲ့၊ အလှူရှင်များနှင့်အတူ ဟင်္သာတခရိုင်၊ မြန်အောင်မြို့၊ ဘိုးဘွားရိပ်သာ၀င်းအတွင်း တည်ဆောက်ဆဲ ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် မြန်အောင်မြို့၊ ဘိုဘွားရိပ်သာ တည်ဆောက်ရေး အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်မှ အမှာစကား ပြောကြားရာတွင် မြန်အောင်မြို့၊ ဘိုးဘွားရိပ်သာ ဆောက်လုပ်ရာ၌ လိုအပ်လျက်ရှိသော အလှူငွေများအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တတ်နိုင်သမျှ ပါဝင်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း၊ ဘိုးဘွားရိပ်သာဖြစ်မြောက်အောင် ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများအား တင်ပြစေပြီး လိုအပ်သည်များအား ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဘိုးဘွားရိပ်သာ ဖြစ်မြောက်ရေးအဖွဲ့နှင့် ပြည်သူလူထုမှလည်း ဝိုင်းဝန်းကြိုးစား ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့ပြီး ဘိုးဘွားရိပ်သာအတွက် အလှူငွေ (၅)သိန်း ပေးအပ်လှူဒါန်းခဲ့ပြီး အလှူရှင်းများမှ ပေးအပ်လှူဒါန်းသော အလှူငွေကျပ်သိန်း (၄၀)အား ဝန်ကြီးချုပ်မှ လက်ခံရယူခဲ့ပါသည်။

ထို့နောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့၊ ပရဟိတမြို့ရွှေကျောင်းတိုက်ရှိ ကျောင်းထိုင်ဆရာတော် ဦးဥတ္တရဉာဏထံ သွားရောက်ဖူးမြှော်ကြည်ညို၍ ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့မှ ဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

02-Jul-2018