ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ရွှေပါရမီပဲနို့အာဟာရဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်တို့မှ ပူးပေါင်းလှူဒါန်းသည့် ပဲနို့စက်နှင့် ဆက်စပ်ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၉.၆.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရွှေပါရမီပဲနို့အာဟာရဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးရှိန်ဝင်းနှင့်အလှူရှင်များ၊ ကျောင်းသား/သူ ကလေးငယ်များနှင့်အတူ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်သော ရွှေပါရမီပဲနို့အာဟာရဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်တို့မှ ပူးပေါင်းလှူဒါန်းသည့် ပဲနို့စက်နှင့် ဆက်စပ်ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး မြောင်းမြခရိုင်၊ အိမ်မဲမြို့ရှိ အခြေခံပညာကျောင်းများတွင် အသုံးပြုရန်အတွက် အလှူငွေများ၊ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများအားလည်းကောင်း၊ အိမ်မဲမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းနှင့် ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ရှိ အခြေခံပညာကျောင်းတွင် အသုံးပြုရန်အတွက် ပဲနို့စက်နှင့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း ရွှေပါရမီ ပဲနို့အာဟာရဖောင်ဒေးရှင်း ဥက္ကဋ္ဌနှင့် အလှူရှင်များက လွှဲပြောင်းပေးအပ်လှူဒါန်းမှုအား ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ လက်ခံရယူခဲ့ပြီး ဝန်ကြီးချုပ်အဖွဲ့နှင့်အလှူရှင်များမှ ကျောင်းသား/သူ ကလေးငယ်များအား ပဲနို့အာဟာရများ တိုက်ကျွေးခဲ့ပါသည်။

 

29-Jun-2018