ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်ဟိုတယ်၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၊ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၂.၆.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ပုသိမ်ဟိုတယ်၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၊ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ထို့နောက် ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ရာတွင် ဧရာဝတီတိုင်းဒေသကြီးသည် One Belt One Road ၏ လမ်းကြောင်းပေါ်မှာ တည်ရှိသည့်အတွက် ကုန်သွယ်ရေးနှင့် ပို့ဆောင်ရေးလုပ်ငန်းများတွင် အလွန်အချက်အချာကျသည့် ရေနက်ဆိပ်ကမ်းကြီးများ တည်ဆောက်ပါက စက်မှုဇုန်များ ဖွံ့ဖြိုးပြီး အလုပ်အကိုင် အခွင့်အလမ်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာကောင်းများစွာ ပိုင်ဆိုင်ထားပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနအနေဖြင့်လည်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လုပ်ကိုင်လိုသူများနှင့်ကုမ္ပဏီများ၊ အသင်းအဖွဲ့များ ဖွဲ့စည်းမှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်းတို့ကိုလည်း အဆင်ပြေချောမွေ့စွာ ဆက်လက်ဆောင်ရွက်ပေးရန် ပြောကြားလိုပါကြောင်း အမှာစကား ပြောကြားခဲ့ပါသည်။

29-Jun-2018