ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ရေစီးရေလာကောင်းမွန်ရေးအတွက် ဆောင်ရွက်လျက်ရှိသော တဲကြီးကုန်းလမ်းဘေးဝဲ/ယာ ရေမြောင်းရှင်းလင်းနေသော လုပ်ငန်းနှင့် အမှတ် (၁)ရပ်ကွက်၊ နိဂြောဓာလမ်းဘေးရေမြောင်းအား စက်ယန္တရားဖြင့် တူးဖော်နေမှုကို ကွင်းဆင်းကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၂.၆.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ရေစီးရေလာကောင်းမွန်ရေးအတွက် ဆောင်ရွက်လျက်ရှိသော တဲကြီးကုန်းလမ်းဘေးဝဲ/ယာ ရေမြောင်းရှင်းလင်းနေသော လုပ်ငန်းနှင့် အမှတ် (၁)ရပ်ကွက်၊ နိဂြောဓာလမ်းဘေးရေမြောင်းအား စက်ယန္တရားဖြင့် တူးဖော်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့မှ ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးအောက်ချောင်းရေစီးရေလာ အခြေအနေ၊ တလိုင်းချောင်း ရေစီးရေလာအခြေအနေ၊ စျေးချောင်း ချောင်းအဆင့်မြှင့်တင်ဆောင်ရွက် ပြီးစီးမှုအခြေအနေနှင့် ဘုံကျော်ရေနှုတ်မြောင်းမကြီး တူးဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီးနောက် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်စေနိုင်သည့် ငါးအောက်ချောင်း၊ သရောင်းချောင်းနှင့် ပုဂံပျောက်ချောင်း ရေစီးရေလာ ကောင်းမွန်ရေးတို့အား သက်ဆိုင်ရာ ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

29-Jun-2018