ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင်၊ အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောဖွင့်ပွဲသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၁.၆.၂၀၁၈) ရက်နေ့တွင် တိုင်ဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစား ဝါသနာရှင်များနှင့်အတူ ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင်၊ အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောဖွင့်ပွဲသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် (၆)ခရိုင် အမျိုးသား/အမျိုးသမီး ဘတ်စကတ်ဘောပြိုင်ပွဲ ကျင်းပပေးခြင်းအားဖြင့် မြန်မာ့ဘတ်စကက်ဘော အားကစားအဆင့်အတန်း မြင့်မားရေးကို အထောက်အကူပြုစေရန်၊ ခရိုင်အသီးသီးမှ ဧရာ၀တီတိုင်းဒေသကြီးနှင့် နိုင်ငံ့ဂုဏ်ဆောင် ကိုယ်စားပြု ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် ခရိုင်အသီးသီးမှ အားကစားသမားအချင်းချင်း သွေးစည်းညီညွတ်မှုစိတ်ဓာတ်၊ ချစ်ကြည်ရင်းနှီးမှုစိတ်ဓာတ်များ ပိုမိုထွန်းကား ပြန့်ပွားလာစေရန် ရည်ရွယ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ပေါ်ထွန်းလာစေရန်အတွက် ကြိုးပမ်း တည်ဆောက်ပေးလျက်ရှိရာ အားကစားသမားများ အနေဖြင့်လည်း နိုင်ငံတော်၏ ဂုဏ်သိက္ခာတိုးတက်မြင့်မားလာစေရန်အတွက် အားကစားစွမ်းရည်နှင့် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် အားကစားသမားများသည် သန့်သန့်ရှင်းရှင်း ယဉ်ယဉ်ကျေးကျေး ယှဉ်ပြိုင်ကစားကြရန်၊ တရားသဖြင့် ယှဉ်ပြိုင်နိုင်အောင် ကြိုးပမ်းကြရန်နှင့် အားကစားစိတ်ဓာတ်အပြည့်ဖြင့် တိုင်းဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကစားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မအူပင်ခရိုင်နှင့်မြောင်းမြခရိုင် (အမျိုးသား)ဘက်စကက်ဘောအသင်းတို့၏ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။

21-Jun-2018