ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့နယ်တွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ခုနှစ် နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါစီမံကိန်း ဆောင်ရွက်သော တောင်သူများအား မြို့နယ်အတွင်း ဝယ်ယူကြိတ်ခွဲ ဆောင်ရွက်နေသူများမှ မျိုးစေ့ချကိရိယာ(Drum Seeder )ပေးအပ်ပွဲနှင့် သွင်းအားစု ပေးအပ်ပွဲ အခမ်းအနားတက်ရောက်

ပုသိမ်      ဇူလိုင်     ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာတွင် ၂၀၂၅-၂၀၂၆ခုနှစ် နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါစီမံကိန်း ဆောင်ရွက်သော တောင်သူများအား မြို့နယ်အတွင်း ဝယ်ယူကြိတ်ခွဲ ဆောင်ရွက်နေသူများမှ မျိုးစေ့ချကိရိယာ(Drum Seeder )ပေးအပ်ပွဲနှင့် သွင်းအားစု ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး မျိုးစေ့ကိရိယာ(Drum Seeder )နှင့် သွင်းအားစုများပေးအပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာ၊ တောင်သူဦးဝင်းမြင့်လှိုင်၏ စိုက်ဧက(၇)ဧကတွင် နယူးဧရာ-၁၁စပါးမျိုးအား ပုသိမ်မြို့၊ အမှတ်(၅၁)စက်မှုလယ်ယာစခန်းမှ ခြောက်တန်းသွားကောက်စိုက်စက်၊ မျိုးစေ့ကိရိယာ(Drum Seeder )များဖြင့် စိုက်ပျိုးခြင်းသရုပ်ပြသခြင်းအားလည်းကောင်း၊ ၂၀၂၅-၂၀၂၆ခုနှစ် နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါစီမံကိန်း ဆောင်ရွက်သော ဝယ်ယူကြိတ်ခွဲအဖွဲ့၏ စံပြစိုက်ခင်းတွင် ကောက်စိုက်စက်၊ ကောက်စိုက်သမ၊ မျိုးစေ့ကိရိယာ(Drum Seeder )များဖြင့် စိုက်ပျိုးနေမှုအားလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တောင်သူများနှင့်တွေ့ဆုံ၍ “ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အခြေခံသည့်တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက် အခြေခံလိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာစိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ကြဲခင်းစနစ်များ‌ေလျာ့နည်းပပျောက်ရေးအတွက် မျိုးစေ့ချကိရိယာများဖြင့် စိုက်ပျိုးခြင်း၊ ‌ေကာက်စိုက်စက်များဖြင့်စိုက် ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းများကို ဆောင်ရွက်နိုင်ရေးအတွက် စိုက်တိုးမြှင့်အဖွဲ့များက အသိပညာပေးကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူကြီးများအနေဖြင့်လည်း စိုက်ပျိုးနည်းစနစ်များအလိုက် မျိုးစေ့ကုန်ကျမှု၊ သွင်းအားစုထည့်သွင်းမှု၊ အထွက်နှုန်းများကို စနစ်တကျမှတ်တမ်းထားရှိရန်လိုအပ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ဒေသနှင့်ကိုက်ညီသည့် မျိုးစေ့ချကိရိယာများအား သတ်မှတ်ကာလအတွင်း တောင်သူများလက်ဝယ်အချိန်မီရောက်ရှိရေး ထုန်လုပ်ဖြန့်ဝေပေးရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး၏ မိုးစပါးပန်းတိုင် အထွက်နှုန်းရောက်ရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုပါကြောင်း”  ဆွေးနွေးပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တောင်သူများအား သွင်းအားစုများ၊ မျိုးစေ့ကိရိယာ(Drum Seeder ) များနှင့် ကောက်စိုက်သမများအား စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မရမ်းကုန်းကျေးရွာသို့ရောက်ရှိ၍ သီရိမင်္ဂလာမဟာစည်ရိပ်သာ ကျောင်း‌တိုက် ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာ ကိစ္စရပ်များတင်ပြလျှောက်ထားခဲ့ကာ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မရမ်းကုန်းကျေးရွာ တောင်သူဦးကျော်လေး၏ စိုက်ဧက(၇)ဧကတွင် ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါး(ဆင်းသုခ)RS-CSမျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းအား ကောက်စိုက်သမများဖြင့် စိုက်ပျိုးနေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။ ယင်းနောက် မရမ်းကုန်းကျေးရွာနည်းပညာပြန်ပွားရေးစင်တာတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပြီး ဒေသခံပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီး ရရှိရေးကိစ္စရပ်များကို တင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်သူများ၏တင်ပြချက်များအပေါ်  သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည်  လယ်တီကျေးရွာ၊ တောင်သူဒေါ်လှမိုးခိုင်၏ စိုက်ဧက(၃)ဧကနှင့် ရုံးပင်ကျေးရွာတောင်သူဦးဇော်ဝင်းထွန်း၏ စိုက်ဧက(၂)ဧကတို့တွင်ပြုလုပ်သည့် ၂၀၂၅- ၂၀၂၆ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် နယူးဧရာ-၁၁စပ်မျိုးစပါးအား ပျိုးဗန်းဖြင့်ပျိုးထောင်၍ ကောက်စိုက်သမများဖြင့် ဆယ်တန်းတစ်တန်းလှပ် စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများကို ယခုနှစ်သည် မိုးစပါးပန်းတိုင် အထွက်နှုန်း ရောက်ရှိရမည့်နှစ်ဖြစ်ပါကြောင်းနှင့် တစ်ဧကအထွက်နှုန်းများ တိုးတက်ရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းလေးသွယ်ဖြင့် ဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း၊ ကြဲခင်းစနစ်များ လျော့နည်းစေရေးအတွက် ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက် များဖြင့်စိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာ(Drum Seeder)များ၊ ကောက်စိုက်သမများဖြင့် တစ်ဧကကောက်ကွက်ပြည့်မီအောင် စနစ်တကျစိုက်ပျိုးခြင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သီးထပ်စွမ်းအားတိုးတက်ရေးနှင့် မိုးစပါးပန်းတိုင်အထွက်နှုန်း ရောက်ရှိစေရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း” မှာကြားကာ ကောက်စိုက်သမများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။

20-Jul-2025