ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅ ခုနှစ် ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအသက် (၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

ပုသိမ်           ဇူလိုင်      ၁၈

၂၀၂၅ ခုနှစ် ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအသက် (၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြောင်းမြမြို့၊ Happy ဖူဆယ်အားကစားကွင်းတွင် ပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင်အသင်းများတက်ရောက်ခဲ့ကြသည်။

ဦးစွာ ဝန်ကြီးချုပ်က“ ယနေ့ကျင်းပသည့် ခရိုင်ပေါင်းစုံအသက် (၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲအား တိုင်းဒေသကြီးကိုယ်စားပြု ထူးချွန်ထက်မြက်သည့် ဖူဆယ်အားကစားသမားများပေါ်ထွက် လာစေရေးအတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊တိုင်းဒေသကြီး၏ ဖူဆယ်ဘောလုံးအားကစား ပိုမိုအဆင့်အတန်းမြင့်မားစေရေးအတွက် မြို့နယ်များတွင် ပြိုင်ပွဲများပြုလုပ်ကာ ခရိုင်အဆင့်ရွေးချယ်၍ ယနေ့တွင်ပြိုင်ပွဲပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ယခုနှစ် ကျင်းပလျက်ရှိသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲတွင် တိုင်းဒေသကြီး၏ မျှော်မှန်းထားသည့်အဆင့်သို့ရောက်ရှိ၍ အောင်မြင်မှုများရရှိရန်အတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးကိုယ်စားပြုအားကစားအသင်းများအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ် လှေလှော်ပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဆုဖလားနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားကိုလည်းကောင်း၊ ပြေးခုန်ပစ်ပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဆုဖလားနှင့် ဂျူဒိုပြိုင်ပွဲတွင်လည်း အောင်မြင်မှုများရရှိခဲ့ပါကြောင်း၊  ယနေ့ပြိုင်ပွဲတွင် ကြိုးစားယှဉ်ပြိုင်ကြမည့် အသင်းများအနေဖြင့် အားကြိုးမာန်တက် နည်းစနစ်ကောင်းကောင်းဖြင့် တစ်ဖက်အသင်းကို မနိုင်မခံအရှုံးမပေးစိတ်ဓာတ်ဖြင့် ကြိုးစားယှဉ်ပြိုင်သွားကြစေလိုကြောင်း၊ ယခုပြိုင်ပွဲမှ လူရွေးချယ်၍ စခန်းသွင်းလေ့ကျင့်ခြင်းများကိုလည်း ကြိုတင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် တိုင်းဒေသကြီးဂုဏ်ဆောင်အားကစားသမားများဖြစ်အောင် ကြိုးစားယှဉ်ပြိုင်သွားကြစေလိုကြောင်း” တိုက်တွန်းအမှာစကားပြောကြားပြီး ၂၀၂၅ ခုနှစ် ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအသက် (၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲအားဖွင့်လှစ်ပေးသည်။

ထို့နောက်  စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက တိာင်းဒေသကြီးဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက် ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကာ ပုသိမ်ခရိုင်အသင်းနှင့် လပွတ္တာခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ၂၀၂၅ ခုနှစ် ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအသက် (၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲကို  ယနေ့မှ ဇူလိုင်လ ၂၁ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ တောင်သူဦးဆန်းဦး၏ စိုက်ဧက (၀.၂၅)ဧကတွင် ရေဆင်းအင်းမ၊ ရေဆင်းပေါ်ဆန်း (၁)နှင့် ရေဆင်းပေါ်ဆန်း(၂)စပါးမျိုးများ ယှဉ်ပြိုင်စမ်းသပ်ကွက်တွင် ကောက်စိုက်သမများဖြင့် စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ "မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အခြေခံသည့်တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက် အခြေခံလိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာစိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာ အချိုးကျသုံးစွဲရန်နှင့် တိုင်းဒေသကြီး၏ မိုးစပါးပန်းတိုင် အထွက်နှုန်းရောက်ရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုပါ‌ေကြာင်း” ဆွေးနွေးပြောကြားခဲ့ပြီး ကောက်စိုက်သမများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။

18-Jul-2025