ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်း ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကြည့်ရှုအားပေး

ပုသိမ်         ဇူလိုင်         ၁၇

ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ် ပဉ္စမနေ့ပွဲစဉ်အဖြစ်  ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြုအသင်းတို့၏ ယှဉ်ပြိုင်ကစားရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်ပရိသတ်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ဦးစွာ ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းနေရာယူခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အားကစားသမားများအား တစ်ဦးချင်းလိုက်လံနုတ်ဆက်အားပေးခဲ့ကာ ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအမျိုးသားအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြုအမျိုးသားဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲများအား ဘားအံ၊ တောင်ကြီး၊ ပုသိမ်၊ ပဲခူး၊ ရန်ကုန် မြို့များတွင် ဇုန်အလိုက်ကျင်းပလျက်ရှိပြီး ပုသိမ်ဇုန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်‌မြေနှင့် ရခိုင်ပြည်နယ်ကိုယ်စားပြု အသင်းများယှဉ်ပြိုင်ကစားလျက်ရှိကာ ဇူလိုင်လ(၁၈)ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေကိုယ်စားပြုအသင်းနှင့် ရခိုင်ပြည်နယ်ကိုယ်စားပြုအသင်းတို့  ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်းသိရှိရသည်။

17-Jul-2025