ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဖျာပုံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၀.၆.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ  ဖျာပုံမြို့၊ ငါးလုပ်ငန်းသင်တန်းကျောင်း မြစ်ကမ်းထိန်းလုပ်ငန်းအား ကြည့်ရှုခဲ့ပြီး တိုင်းဒေသကြီးရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစ်ကမ်းထိန်းနှင့်ပတ်သက်သည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံမြို့၊ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းရှိ အန္တရာယ်ရှိ အဆောက်အဦနှင့်ကျောင်းတွင်း မြေနိမ့်ပိုင်း ရေဝပ်ခြင်းအား ကြည့်ရှုခဲ့ပြီး ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ရေး၊ ကျောင်းဆောင်သစ်အမြန်ရရှိ​အောင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရေး မှာကြားခဲ့ပါသည်။ ထို့နောက် ဂုံညှင်းတန်းတံတား ရှင်းလင်းဆောင်တွင် ADB ချေးငွေဖြင့်ဆောင်ရွက်သော မအူပင် - ဖျာပုံ ကတ္တရာ ကွန်ကရိလမ်း (AC)ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့ပါသည်။

21-Jun-2018