ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေနှင့် ရခိုင်ပြည်နယ်အသင်းများအား ကြိုဆိုမိတ်ဆက်ခြင်းအခမ်းအနားတက်ရောက်

ပုသိမ် ဇူလိုင် ၁၀
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော် ကောင်စီနယ်မြေနှင့် ရခိုင်ပြည်နယ်အသင်းများအား ကြိုဆိုမိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အသင်းအုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးနှင့်ပြည်နယ်ကိုယ်စားပြုဘောလုံးအသင်းများမှ အသင်းလိုက် မိတ်ဆက်ခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက“ ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေနှင့် ရခိုင်ပြည်နယ်အသင်း(၄)သင်းတို့ဖြင့် အုပ်စုပွဲစဉ်များကို ဧရာဝတီတိုင်းဒေသကြီးတွင် လက်ခံကျင်းပ ပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးတွင် လာရောက်ယှဉ်ပြိုင်ကြသော အားကစား သမားများအတွက် အားကစားကွင်းများ၊ အိပ်ဆောင်များ၊ ရေချိုးခန်းများ၊ စားဖိုဆောင်များ သန့်ရှင်းသပ်ရပ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်မှုမရှိစေရေး တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများအား တာဝန်ပေးကြီးကြပ်ဆောင်ရွက်စေခဲ့ပါကြောင်း၊ အားကစားသမားများ နေထိုင်စားသောက်ရေးနှင့် လေ့ကျင်းရေးကွင်းနေရာများကိုလည်းဆောင်ရွက်ပေးထားပါကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်စွာဖြင့်ယှဉ်ပြိုင်ကာ အောင်ပွဲများရရှိအောင်ကြိုးစားကြစေ လိုကြောင်း၊ ကျန်းမာရေး၊ နေထိုင်စားသောက်ရေးအပြင် အခြားလိုအပ်ချက်များရှိပါက အသင်းအုပ်ချုပ်သူ၊ နည်းပြများမှတစ်ဆင့် တင်ပြသွားကြရန်နှင့် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်၍ အောင်မြင်မှုများရရှိပါစေကြောင်း” ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ဘောလုံးအသင်းများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကာ စားသောက်ဖွယ်ရာများဖြင့် တည့်ခင်းဧည့်ခံခဲ့ပြီးနောက် အားကစားသမားများအား ရင်းရင်းနှီးနှီး အားပေးနှုတ်ဆက်ခဲ့ကြောင်းသိရသည်။
.jpg)
.jpg)
.jpg)