ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ အနောက်ဘက်အရပ်ရှိ အာရုံခံတန်ဆောင်း ရတနာအုတ်မြစ်တော်စီမင်္ဂလာအခမ်းအနားနှင့် အလှူငွေပေးအပ်ပွဲအခမ်းအနားနှင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့တက်ရောက်

ပုသိမ် ဇူလိုင် ၉
သဲဖြူနှင့်မဟာမြိုင်တောရဆရာတော်ကြီးအမှူးပြု၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တပည့်ဒါယကာ၊ ဒါယိကာမများ စုပေါင်းလှူဒါန်းသော မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ အနောက်ဘက်အရပ်ရှိ အာရုံခံတန်ဆောင်း ရတနာအုတ်မြစ်တော်စီမင်္ဂလာအခမ်းအနားကိုကျင်းပပြုလုပ်ရာ သဲဖြူနှင့် မဟာမြိုင်တောရဆရာတော်ကြီး ဦးဆောင်တော်မူကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးအမှူးပြုသော ပရိသတ်အပေါင်းတို့က “ နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ “ ရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာအခမ်းအနား ” ကို ဖွင့်လှစ်ပေးခဲ့ကြပြီး သဲဖြူ နှင့်မဟာမြိုင်တောရဓမ္မရိပ်သာဆရာတော်ကြီးက ပတ္တမြားရတနာအုတ်မြစ်တော်တွင်လည်းကောင်း၊ မြတ်မော်တင်ဆရာတော်က သန္တာရတနာအုတ်မြစ်တော်တွင်လည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက စိန်ရတနာအုတ်မြစ်တော်တွင်လည်းကောင်း၊ ပမ္ပဝတီရေတပ်ဌာနချုပ်မှူးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အလှူရှင်များက ရတနာအုတ်မြစ်တော်အသီးသီးတွင်လည်းကောင်း ချီးမြှင့်စီတင်ပေးခဲ့ကြကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ ရတနာအုတ်မြစ်တော်စီမင်္ဂလာအခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ပါသည်။
ဆက်လက်၍ မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့ခြင်းနှင့် ဘက်စုံပြင်ပြင်ရေးလုပ်ငန်းများအတွက် အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲကျင်းပရာ တိုင်းဒေသဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များသည် “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး သဲဖြူနှင့် မဟာမြိုင်တောရဆရာတော်ကြီးထံမှ ရှစ်ပါးသီလခံယူဆောက်တည်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် စေတနာရှင် အလှူရှင်များက အလှူငွေများအား ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ပါသည်။ မြတ်မော်တင် စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့ခြင်း၊ အနောက်ဘက်အာရုံခံတန်ဆောင်း၊ သာသနာ့ဗိမာန်တော်ကြီး၊ အများသုံးသန့်စင်ခန်း၊ ရေချိုးခန်း၊ မျက်နှာသစ်ဆောင်၊ နားနေဆောင်များအတွက် သဲဖြူနှင့် မဟာမြိုင်တောရဆရာတော်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးအမှူးပြုသော စေတနာရှင် အလှူရှင်များ၊ ဌာနဆိုင်ရာများက စုပေါင်း လှူဒါန်းခဲ့ကြကြောင်းသိရသည်။
ထို့နောက် သဲဖြူနှင့် မဟာမြိုင်တောရဆရာတော်ကြီးနှင့်အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ပရဝုဏ်အတွင်း သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ရာ တည်ဆောက်ရေးလုပ်ငန်းများအရည်အသွေးပြည့်မီစေရေးမှာကြားခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မြတ်််မော်တင်စွန်းစေတီတော်ကုန်းမြေအောက်ခြေအားပင်လယ်ရေလှိုင်းရိုက်ခတ်မှုမှကာကွယ်ရန် ဆောင်ရွက်ထားသည့် ကျောက်စီလှိုင်းကာအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ကျောက်စီလှိုင်းကာ အလျား ၂၀၇ ပေ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ေကျာက်စီလှိုင်းကာ ဆက်လက်ဆောင်ရွက်မည့် အစီအမံများအားရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပင်လယ်ရေလှိုင်းရိုက်ခတ်မှုမှကာကွယ်ရန်လိုအပ်သည့်နေရာများတွင်တစ်ဆက်စပ်တည်းဆက်လက်ဆောင်ရွက်ရန်နှင့် ရေရှည်တည်တံ့ ရေးအတွက်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်မှာကြားခဲ့ပါသည်။ ထို့နောက် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဘုရားကုန်းတော်တွင် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူများစုပေါင်း၍ စေတီတော်၏ တောင်ဘက်ကုန်းတော်ပေါ်တွင် ကံ့ကော်၊ ခရေ၊ ပုန်းညက် စုစုပေါင်း(၂၇၀)ပင်၊ စေတီတော်၏အရှေ့ဘက်ကုန်းတော်ပေါ်တွင် ကံ့ကော်၊ ခရေ ၊ အုန်းပင် စုစုပေါင်း(၁၆၀)ပင်၊ မော်တင်-ကံချိုင်သွားကားလမ်းဘေးဝဲယာတွင် ကျွန်း၊ မန်ဂျန်ရှား၊ မဟော်ဂနီ စုစုပေါင်း(၆၀၀)ပင် တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရပါသည်။
.jpg)
.jpg)
.jpg)