ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဟိုင်းကြီးကျွန်းမြို့အဝင်ရေလမ်းကောင်းမွန်ရေးအတွက် နုန်းတားကျောက်စီလှိုင်းကာ အလျား ၅၅၀ ပေ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေး၊ ကျောက်ချောင်းတိုက်နယ်ဆေးရုံတွင် ဆေးကုသနေသောလူနာများအား သွားရောက်တွေ့ဆုံအားပေး

ပုသိမ် ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ညနေပိုင်းက ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အဝင်ရေလမ်းကောင်းမွန်ရေးအတွက် ဟိုင်းကြီး ချောင်းအဝတွင် နုန်းအနည်အနှစ်များကျရောက်ခြင်းမှကာကွယ်နိုင်ရန် နုန်းတားကျောက်စီလှိုင်းကာ အလျား ၅၅၀ ပေ ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွ့ံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက နုန်းတားကျောက်စီလှိုင်းကာ ဆောင်ရွက်ပြီးစီးမှု‌ေကြာင့် ဟိုင်းကြီးချောင်းဝတွင် နုန်းအနည်အနှစ်များကျရောက်မှုကို တားဆီးပေးနိုင်မှု၊ ဟိုင်းကြီးချောင်းအတွင်း ရေယာဉ်များ၀င်ထွက်သွားလာရာတွင် ပိုမိုအဆင်ပြေလွယ်ကူမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိုးရာသီရေများချိန်တွင် နုန်းတားကျောက်စီလှိုင်းကာ၏ကြံ့ခိုင်မှုကို စဥ်ဆက်မပြတ်စောင့်ကြည့်၍ လိုအပ်ပါကအချိန်မီပြုပြင်ထိန်းသိမ်းဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုင်းကြီးကျွန်းမြို့၊ ကျောက်ချောင်းတိုက်နယ်ဆေးရုံသို့သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူ‌နေကြသည့် လူနာများအား အားပေးစကားများပြောကြားခဲ့ပြီး ဆေးရုံတက်ရောက်ကုသနေကြသည့်လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက်အတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကာ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း‌ဆောင်ရွက်‌ပေးခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးသို့‌ရောက်ရှိ၍ စေတီတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညိုကာ တောင်ဘက်အာရုံခံတန်ဆောင်းတည်‌ဆောက်ပြီးစီးမှု၊ ရင်ပြင်တော်တိုးချဲ့ဆောင်ရွက်ပြီးစီးမှုများ၊ စေတီတော်ရင်ပြင် အနှုတ် ၁၂ ပေ တည်ဆောက်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီဆောင်ရွက်ရေး၊ မြန်မာမှုလက်ရာများ သေသပ်ကောင်းမွန်စေရေး၊ စေတီတော်ပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး၊ အမှိုက်များစနစ်တကျစွန့်ပစ်စေရေးနှင့် သာသနိကအဆောက်အဦများ ရေရှည်တည်တံ့စေရေးအတွက် ဝိုင်းဝန်းထိမ်းသိမ်းစောင့်ရှောက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးရင်ပြင်တော်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သဲဖြူ နှင့် မဟာမြိုင်တောရဓမ္မရိပ်သာတို့၏ ဦးစီးပဓာနနာယက၊ ဘဒ္ဒန္တပညာဇောတ၊ သာသနဓဇဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ ပရိတ်တရားတော်များ နာယူကြည်ညိုကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့ပါသည်။

09-Jul-2025