ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မအူပင်မြို့နယ်၊ ကျုံစုတ်ကျေးရွာ၌ ကျင်းပပြုလုပ်သည့် ကျုံစုတ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းမှ လယ်ယာမြေများအား မူလ လက်ငုတ်တောင်သူများထံသို့ ပြန်လည်စွန့်လွှတ်ပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၀.၆.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ  မအူပင်မြို့နယ်၊ ကျုံစုတ်ကျေးရွာ၌ ကျင်းပပြုလုပ်သည့် ကျုံစုတ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းမှ လယ်ယာမြေများအား မူလ လက်ငုတ်တောင်သူများထံသို့ ပြန်လည်စွန့်လွှတ်ပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်ကာ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် (၁၅.၁၂.၂၀၁၄)ခုနှစ်မှ ကျုံစုတ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့ကြောင်း၊ ဒေသခံတောင်သူများဆန္ဒအရ တိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ စီမံကိန်းအား ဆက်လက်လုပ်ရန်မသင့်ပါကြောင်းနှင့် စာရင်းမှ စနစ်တကျ ရှင်းလင်းပယ်ဖျက်သင့်ပါကြောင်း အကြံပြုတင်ပြချက်အရ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးတွင် ပြန်လည်စွန့်လွှတ်ရေး ဆုံးဖြတ်ခဲ့ကြောင်း၊ ပြန်လည်စွန့်လွှတ်မည့် (၁၅၄.၄၈)ဧကအား ယာယီလုပ်ကိုင်ခွင့်ပုံစံ (၃)ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် တောင်သူများမှ ပြန်လည်လုပ်ကိုင်ခွင့်ရသည့် လယ်မြေများကို အကျိုးရှိရှိ ထိရောက်စွာ အသုံးချစေချင်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ယာယီလုပ်ကိုင်ခွင့်ပုံစံ (၃)များ တောင်သူကိုယ်စားလှယ်အသီးသီးအား ပေးအပ်ခဲ့ပါသည်။  

20-Jun-2018