ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့ (BAJAJ RE) သုံးဘီးယာဉ်အရောင်းပြခန်းဖွင့်ပွဲအခမ်းတက်ရောက်

ပုသိမ် ဇူလိုင် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ လွန်ကန်ရပ်တွင် (BAJAJ RE) သုံးဘီးယာဉ်အရောင်းပြခန်းဖွင့်ပွဲအခမ်အနားကို ယနေ့နံနက်ပိုင်းက အဆိုပါအရောင်းပြခန်းရှေ့တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ကုမ္ပဏီတာဝန်ရှိသူများနှင့်အတူ (BAJAJ RE) သုံးဘီးယာဉ်အရောင်းပြခန်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဖွင့်ပွဲအမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပါသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (BAJAJ RE)သုံးဘီးယာဉ်များအား လှည့်လည်ကြည့်ရှုခဲ့ရာ ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက သုံးဘီးယာဉ်နှင့်အရောင်းပြခန်းဆိုင်ရာအချက်အလက်များ၊ လူစီးသုံးဘီး ယာဉ်ပြုပြင်ထိန်းသိမ်းခြင်းနှင့် မောင်းနှင်ခြင်း ပညာဒါန(အခမဲ့)သင်တန်းဖွင့်လှစ်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယာဉ်မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူများ အန္တရာယ်ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာစေရေး၊ စနစ်တကျပြုပြင်မောင်းနှင်တက်စေရေး လေ့ကျင့်သင်ကြားပေးရန် တာဝန်ရှိသူ များအား မှာကြားခဲ့သည်။

04-Jul-2025