ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မအူပင်မြို့၊ တိုးရွှေဝါခန်းမ၌ ကျင်းပြုလုပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၀.၆.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ  မအူပင်မြို့၊ တိုးရွှေဝါခန်းမ၌ ကျင်းပြုလုပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ဝန်ကြီးချုပ်မှ အမှာစကားပြောကြားရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသားတစ်ဦးအတွက် မရှိမဖြစ်လိုအပ်သော ကတ်ပြားဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားကို ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့လို့လည်း ပြည်သူများ၏ သွားလာစရိတ်၊ စားစရိတ်ငွေများ သက်သာကြောင်း၊ လွှတ်တော်၊ အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ပြည်သူများ တွဲလက်ညီညီဖြင့် နိုင်ငံအတွက် ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ တက်ရောက်လာသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသီးသီးပေးအပ်ကာ ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

20-Jun-2018