ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်ရိက္ခာနှင့်ဆီ ထောက်ပံ့ပေးအပ်ခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်

ပုသိမ် ဇွန် ၂၆

အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်ရိက္ခာနှင့်ဆီ ထောက်ပံ့ပေးအပ်ခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သီရိအောင်စေ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် ဆန်ရိက္ခာနှင့်ဆီများထောက်ပံ့ပေးအပ်ခြင်းနှင့် တွေ့ဆုံအားပေးခြင်းလည်းဖြစ်ပါကြာင်း၊ နေရပ်စွန့်ခွာပြည်များသည် တိုင်းဒေသကြီးအတွင်းနှင့် တိုင်းဒေသကြီးပြင်ပမှ လာရောက်ကြသည့် ပြည်သူများလည်းရှိပါကြောင်း၊ နေရပ်စွန့်ခွာပြည်သူများမှ ကျောင်းနေအရွယ်ကလေးအားလုံး အချိန်မီကျောင်းအပ်နှံတက်ရောက်စေရေးနှင့် ရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်ရေးအတွက် ကျောင်းသားမိဘများ၊ ပညာရေးနှင့် အုပ်ချုပ်ရေးအဖွဲ့များစသည့်တာဝန်ရှိသူအားလုံးက ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်းနှင့် ကလေးငယ်များ၏ ပညာရေးကိုလည်း အလေးထားရန်လိုအပ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့်လည်း ကျောင်းအပ်နှံတက်ရောက်ရန်ကျန်ရှိနေသည့် မိမိတို့သူငယ်ချင်းများအား အချိန်မီကျောင်းအပ်နှံတက်ရောက်စေရေး ဆက်သွယ်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ နေရပ်စွန့်ခွာပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများကလည်း ယာယီနေရပ်စွန့်ခွာပြည်သူများ၏ စာရင်များအား စနစ်တကျကောက်ယူ၍ ကျန်ရှိမှုများမရှိစေရေးနှင့် ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်ရန်လိုပါကြောင်း၊ မိမိတို့ဒေသလုံခြုံရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူများကလည်း လက်တွဲညီညီပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ တိုးတက် ခိုင်မာအားကောင်းသည့်လူမှုအသိုက်အဝန်းဖြင့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ကျော်လွှားနိုင်မှာဖြစ်ပါကြောင်းနှင့် အခက်အခဲများရှိပါကလည်း တင်ပြကြရန်လိုပါကြောင်း ”အားပေးစကားများပြောကြားခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် ဆန်ရိက္ခာနှင့် ဆီများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သီရိအောင်စေဘုန်းတော်ကြီးကျောင်း ဆရာတော်အားဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာ ကိစ္စရပ်များ၊ နေရပ်စွန့်ခွာပြည်သူများ၊ ကျောင်းသားကျောင်းသူများအတွက် ဆန်ရိက္ခာနှင့် ဆီများ၊ စာရေးကိရိယာများ ထောက်ပံ့ဆောင်ရွက်ပေးမှုအခြေအနေများအား တင်ပြလျှောက်ထားခဲ့ပါသည်။

 

26-Jun-2025