ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒေသခံမြိုတိုင်းရင်းသားများအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လုပ်သားပြည်သူများမှ ဆောက်လုပ်လှူဒါန်းသည့် လူနေအိမ်နှင့်ကျေးရွာပတ်လမ်း လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၆.၆.၂၀၁၈) ရက်နေ့တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးတို့လိုက်ပါလျက် ရခိုင်ပြည်နယ်၊ မောင်းတောဒေသ (မြောက်ပိုင်း)၊ သစ်တုံးနားခွဆုံကျေးရွာတွင် ပြုလုပ်သည့် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒေသခံမြိုတိုင်းရင်းသားများအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လုပ်သားပြည်သူများမှ ဆောက်လုပ်လှူဒါန်းသည့် နေအိမ် (၄၄)လုံး၊ လက်နှိပ်ရေတုံကင် (၄၄)လုံး၊ ရွာတွင်းပတ်လမ်း (၅၀)ပေအကျယ်၊ အရှည် (၂၈၈၀)ပေအား ဆောက်လုပ်လွှဲပြောင်းလှူဒါန်းသည့် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ဆောက်လုပ်ပေးသည့်အတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ဆောက်လုပ်ပေးရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆောက်အဦ ဆောက်လုပ်မှု မှတ်တမ်းများကို သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းလှူဒါန်းခဲ့ပြီး ဒေသခံတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ဆောက်လုပ်မှုတန်ဖိုးစုစုပေါင်း ငွေကျပ် (၄၁၆၇၆၀၀၀၀)ကျပ်ဖြစ်ပါသည်။

18-Jun-2018