ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ တိုင်းဒေသကြီး အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ကျင်းပပြုလုပ်သော SME Agency Action Plan ဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၈.၆.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဧရာဝတီတိုင်းဒေသကြီး အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း အေဂျင်စီအဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော အသိပညာရှင် အတတ်ပညာရှင်များနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ တိုင်းဒေသကြီး အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ကျင်းပပြုလုပ်သော SME Agency Action Plan ဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

 

အခမ်းအနာ၌ ဝန်ကြီးချုပ်မှ အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် SME Agency Action Plan အလုပ်ရုံဆွေးနွေးပွဲဟာ တိုင်းဒေသကြီးအတွင်းရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်မြန်ဆန်စွာ အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေးကို ရည်ရွယ်ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲအား ပူးပေါင်းပါဝင်ဆောင်ရွက်ကြသည့်အတွက် ကျေးဇူးအထူးပင် တင်ရှိပါကြောင်း၊ တိုင်းဒေသကြီးဟာ မြေနုကျွန်းပေါ်ဒေသဖြစ်သည့်အတွက် စိုက်ပျိုးရေး လုပ်ငန်းများမှရရှိသော ဆန်စပါး၊ ပဲမျိုးစုံအစရှိသော သီးနှံများ၊ သစ်၊ ကြိမ်၊ ဝါး စသည့် တောထွက်ပစ္စည်းများ၊ ပင်လယ်၊ မြစ်ချောင်းမှ ထွက်ရှိသော ရေထွက်ကုန်ပစ္စည်းများ ထုတ်လုပ်လျက်ရှိပါကြောင်း၊ ငွေဆောင်၊ ချောင်းသာ ကမ်းခြေဒေသများမှ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ SME လုပ်ငန်းများမှ နည်းပညာ၊ စျေးကွက်နှင့်ငွေကြေးအရင်းအနှီးများကို ကူညီပံ့ပိုးပေးဖို့ လိုအပ်သလို SME လုပ်ငန်းရှင်များမှလည်း လုပ်ငန်းရှင်တစ်ဦးချင်း အရည်အသွေး တိုးတက်မြင့်မားလာအောင် မြှင့်တင်ပေးရန် လိုအပ်ပါကြောင်း၊ SME လုပ်ငန်း၏ အားနည်းချက်၊ အားသာချက်များပေါ် အခြေခံ၍ ရေတို၊ ရေရှည်ကာလများ ရေးဆွဲအကောင်အထည်ဖော်၍ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အောင်မြင်အောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ SME လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာခြင်းအားဖြင့် တိုင်းဒေသကြီး၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရုံသာမက နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်းများလည်း တိုးတက်လာမည် ဖြစ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး အဆိုပါ အလုပ်ရုံဆွေးနွေးပွဲမှာ (၁၈.၆.၂၀၁၈)ရက်နေ့မှ (၁၉.၆.၂၀၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

18-Jun-2018