ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အမှိုက်ခွဲခြားစွန့်ပစ်သည့်စနစ် အကောင်အထည်ဖော်ဆောင်ရွက်မှုသရုပ်ပြခြင်းအား ကြည့်ရှုအားပေး၊ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုများ ကြည့်ရှုအားပေး၊ မြို့သစ်ဈေးတွင် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းသရုပ်ပြမှုများ ကြည့်ရှုအားပေး

ပုသိမ် ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ တိုင်းဒေသကြီးစည်ပင် သာယာရေးအဖွဲ့ရုံးတွင် ပြုလုပ်သော စည်ပင်သာယာရေးအဖွဲ့နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့ပူးပေါင်း၍ အမှိုက်ခွဲခြားစွန့်ပစ်သည့်စနစ် အကောင်အထည်ဖော်ဆောင်ရွက်မှုများ ကြည့်ရှုအားပေးခဲ့ပါသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက အမှိုက်ခွဲခြား စွန့်ပစ်သည့်စနစ်အား မြို့နယ်များနှင့် မြို့များရှိစည်ပင်သာယာရေးအဖွဲ့များအနေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် ရပ်ကွက်တစ်ခုစီအား ရှေ့ပြေးစီမံကိန်း(Pilot Project) အဖြစ် သတ်မှတ်၍ စည်းကမ်းမဲအမှိုက်စွန့်ပစ်မှုမရှိစေရေး၊ အမှိုက်စို၊ အမှိုက်ခြောက်၊ ဘေးအန္တရာယ်ရှိအမှိုက်၊ ပလတ်စတစ်အမှိုက် သီးခြားခွဲ၍ စွန့်ပစ် စေရေးအတွက် စာသင်ကျောင်းများ၊ ဈေးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၊ အများပြည်သူ ဆိုင်ရာနေရာများတွင် အသိပညာပေးဟောပြောခြင်း၊ ပြည်သူများအားရှင်းလင်းပြောကြားခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသံချဲ့စက်ဖြင့်ကြေညာခြင်း၊ အမှိုက်ပုံးများခွဲခြားထားရှိခြင်း၊ ပလတ်စတစ်အစားထိုးအိတ်များဖြန့်ဝေခြင်း၊ ဗွီနိုင်းစိုက်ထူထားရှိပြီး အမှိုက်ခွဲခြားစွန့်ပစ်သည့်စနစ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ အပတ်စဉ် တနင်္ဂနွေနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့များကို ပလတ်စတစ်လျှော့ချရေးနေ့အဖြစ် သတ်မှတ်၍ ပြည်သူများအား ပလတ်စတစ်အစားထိုးပစ္စည်းများ သုံးစွဲရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အမှိုက်စွန့်ပစ်ရာတွင် အမှိုက်အမျိုးအစား ခွဲခြား၍ စနစ်တကျစွန့်ပစ်ရေး၊ အမှိုက်သိမ်းဆည်းသည့် အဖွဲ့များအနေဖြင့် ကျန်းမာရေးအတွက် အန္တရာယ်မဖြစ်စေရေးနှင့် အနံဆိုးများမှကာကွယ်ရန် ရောဂါကာကွယ်ရေးလုပ်ငန်းသုံး ပစ္စည်းများ စနစ်တကျဝတ်ဆင် အသုံးပြုစေရေး၊ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများအား ကွန်ကရစ်ဘလောက်တုန်းများအတွင်း ထည့်သွင်း ပြုလုပ်အသုံးပြုနိုင်ရေး၊ နေ့စဉ်ထွက်ရှိသော စွန့်ပစ်အမှိုက်များအား စနစ်တကျစွန့်ပစ် ရေးအတွက် ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၊ ဈေးများနှင့် ရပ်ကွက်များအတွင်း အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက် သွားကြရန်” မှာကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့၊ ငဝန်ကျွန်းသာ ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့သွားရောက်၍ ကျောင်းပတ်ဝန်း ကျင်စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ၊ ပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား အမှိုက်များစနစ်တကျစွန့်ပစ်စေရေးနှင့်ပတ်ဝန်းကျင် သန့်ရှင်းမှုရှိစေရေး၊ ရေမြောင်းများ ရေစီး ရေလာကောင်းမွန်ရေးအတွက် စနစ်တကျဆောင်ရွက်ရေး၊ ခြင်များ ပေါက်ဖွားနိုင်သည့် နေရာ များတွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများကို ကျန်းမာရေးဝန်ထမ်းများ နှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ခြုံနွယ်များစနစ်တကျရှင်းလင်းစေရေးနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ် သန့်ရှင်း သပ်ရပ်မှုရှိစေရေး ကိုလည်း အလေးထားလိုက်နာဆောင်ရွက်သွားရန်မှာကြားခဲ့သည်။ အလားတူ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များ၊ ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လမ်းဘေးဝဲယာများတွင် အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်း ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စည်ပင်သာယာရေးအဖွဲ့နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား အမှိုက်ခွဲခြား စွန့်ပစ်သည့်စနစ် အကောင် အထည်ဖော်ဆောင်ရွက်မှု သရုပ်ပြခြင်းအား သွားရောက်ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက ကျောင်းသားကျောင်းသူများအား အမှိုက်ပုံးများတွင်စနစ်တကျစွန့်ပစ်စေရေး အတွက် အမှိုက်စို၊ အမှိုက်ခြောက်၊ ဘေးအန္တရာယ်ရှိအမှိုက်နှင့် ပလတ်စတစ်အမှိုက်များကို အရောင်များခွဲခြား၍ စနစ်တကျစွန့်ပစ်တတ်စေရေး၊ စနစ်တကျအမှိုက်စွန့်ပစ်ခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်စေရေး အသိပညာပေးဟောပြောကာ ကျောင်းသား၊ ကျောင်းသူများက အမှိုက်ပုံးများအတွင်း လက်တွေ့စွန့်ပစ်သရုပ်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ဟူသည့်အတိုင်း ငယ်ရွယ်စဉ်မှစ၍ စည်းကမ်းမဲ့ အမှိုက်မစွန့်ပစ်စေရေး၊ မိမိတို့နေထိုင်သည့်ပတ်ဝန်းကျင်အား သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆောင်ရွက်ကြရန်နှင့် အသိပညာပေး လက်ဆင့်ကမ်းမျှဝေဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ဈေးချောင်း ချောင်းအတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် Amphibious မြေတူးစက်ဖြင့် တူးဖော် ရှင်းလင်းခြင်း၊ ချောင်းဘေးဝဲယာ ခြုံနွယ်များရှင်းလင်းခြင်းနှင့် စုပေါင်းသန့်ရှင်းဆောင်ရွက်နေမှု များကို ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ရေကြီး ရေလျှံမှု မဖြစ်ပေါ် စေရေး၊ ရေစီးရေလာကောင်းမွန်ရေးအတွက် တူးဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပုသိမ်မြို့ပေါ်ရှိရပ်ကွက်များတွင် ရေမြောင်း များ ရေစီးရေလာကောင်းမွန်ရေး၊ အမှိုက်များပိတ်ဆို့မှုမရှိစေရေးနှင့် ရေကြီးရေလျှံမှုမဖြစ်ပေါ် စေရေးအတွက် ချောင်းကော၊ မြောင်းကောများ ပြန်လည်တူးဖော်ရေး၊ ရပ်ကွက်အတွင်းရှိ ပြည်သူများ၊ ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ မြို့သစ်ဈေးတွင် စည်ပင် သာယာရေးအဖွဲ့နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ဈေးသူ၊ ဈေးသားများအား အမှိုက်ခွဲခြားစွန့်ပစ်သည့်စနစ် အကောင်အထည်ဖော်ဆောင်ရွက်မှုသရုပ်ပြခြင်းအား သွားရောက် ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက ဈေးသူ၊ ဈေးသားများအား အမှိုက်ပုံးများတွင် စနစ်တကျ စွန့်ပစ်စေရေးအတွက် အမှိုက်စို၊ အမှိုက်ခြောက်၊ ဘေးအန္တရာယ်ရှိအမှိုက်နှင့် ပလတ်စတစ် အမှိုက်များကို အရောင်းများခွဲခြား၍ စနစ်တကျစွန့်ပစ်တတ်စေရေး၊ စနစ်တကျ အမှိုက်စွန့်ပစ် ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်စေရေး အသိပညာပေး ဟောပြောကာ ဈေးသူဈေးသားများက အမှိုက်ပုံးများအတွင်း လက်တွေ့စွန့်ပစ်သရုပ်ပြခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှိုက်ပုံးများအတွင်း စနစ်တကျအမှိုက်စွန့်ပစ်ရေး ပြည်သူအားလုံး ပါဝင် ဆောင်ရွက်ကြရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သော အသုံးအဆောင်များအား လျှော့ချသုံးစွဲကြရန် မှာကြားခဲ့ပါသည်။ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြိုနယ်၊ မြို့များနှင့် ရပ်ကွက်များတွင် အမှိုက်ခွဲခြား စွန့်ပစ် သည့်စနစ် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ရှေ့ပြေးစီမံကိန်း (Pilot Project) အဖြစ် သတ်မှတ်၍ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေး၊ အမှိုက်စို၊ အမှိုက်ခြောက်၊ ဘေးအန္တရာယ်ရှိအမှိုက်၊ ပလတ်စတစ်အမှိုက် သီးခြားခွဲ၍ စွန့်ပစ်စေရေးအတွက် စာသင်ကျောင်းများ၊ ဈေးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၊ အများ ပြည်သူဆိုင်ရာနေရာများတွင် အသိပညာပေးဟောပြောခြင်း၊ အပတ်စဉ်တနင်္ဂနွေနေ့၊ ဗုဒ္ဓဟူး နေ့နှင့် သောကြာနေ့များကို ပလတ်စတစ်လျှော့ချရေးနေ့အဖြစ်သတ်မှတ်၍ ပြည်သူများအား ပလတ်စတစ်အစားထိုးပစ္စည်းများသုံးစွဲရေး အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။