ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားသို့တက်ရောက်

ပုသိမ် ဇွန် ၁၄

ဧရာဝတီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့အခမ်းအနားသည် တိုင်းဒေသကြီးအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအား ဝန်ထမ်းသက်သာ ချောင်ချိရေးအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများကို ချီးမြှင့် ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း မြို့နယ်များတွင်လည်း ဝန်ထမ်းများ၊ ပြည်သူများ သက်သာချောင်ချိရေးအတွက် အခြေခံစားသောက်ကုန်များကို သက်သာသော နှုန်းထားဖြင့် ရောင်းချပေးလျှက်ရှိပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများသည် ရပ်ကွက်၊ ကျေးရွာများအထိ အဆင့်ဆင့် တာဝန်ထမ်းဆောင်နေကြသည့်သူများဖြစ်ပါကြောင်း၊ ဆက်လက်၍ လည်း မိမိတို့ ဌာနလုပ်ငန်းများအပြင် နိုင်ငံတော်မှပေးအပ်သည့်တာဝန်များကို တာဝန်ကျေပွန်စွာ ဦးလည်မသုန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း” ပြောကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဇနီးများ၊ တာဝန်ရှိသူများက အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများကို ချီးမြှင့် ပေးအပ်ရာ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်းအမှုထမ်းများမှ လက်ခံ ရယူခဲ့ကြပါသည်။အခြေခံစားသောက်ကုန်များ ချီးမြှင့်ပေးအပ်ရာတွင် ဧရာဝတီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်း(၃၀၀)ဦးအတွက် တစ်ဦးလျှင် ဆန် ၈ ပြည်၊ ဆီ(၁)ပိဿာနှင့် ကြက်ဥ (၁၅)လုံး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

14-Jun-2025