ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၂.၆.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းအဆင့်အရေးပေါ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ သဘာဝဘေး စီမံခန့်ခွဲမှု အဖွဲ့ဝင်များနှင့်အတူ ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။

 

အခမ်းအနားတွင် ဝန်ကြီးချုပ်မှ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ထားမှုနှင့်စီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အနေဖြင့် မိုး/ဇလမှ ထုတ်ပြန်ထားသော မိုးလေဝသဆိုင်ရာ သတင်းအချက်အလက်များနှင့် အကြံပြုချက်များကို သုံးသပ်ပြီး ဘေးဖြစ်နိုင်ချေရှိသည့် ခရိုင်/မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်သို့ သတင်းများရရှိအောင် ဖြန့်ဝေပေးရန်လိုကြောင်း၊ ရှာဖွေကယ်ဆယ်ရေး အပါအဝင် အရေးပေါ်ကူညီထောက်ပံ့ရေးတို့ကို အချိန်နှင့်တပြေးညီဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းကော်မတီများအလိုက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကိုလည်း ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ပြီး စိုက်ပျိုးရေးကဏ္ဍ ဆုံးရှုံးမှုများအတွက် စာရင်းဇယားများ မှန်ကန်စွာရရှိရန် အသေးစိတ် စီမံချက်များရေးဆွဲ၍ စနစ်တကျပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးတင်ပြခဲ့ပါသည်။

18-Jun-2018