ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီး/ပြည်နယ် တံခွန်စိုက်ဆုရ အမျိုးသမီးဂျူဒိုအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၂.၆.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာ၀န်ရှိတိုင်းအဆင့်ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီး/ပြည်နယ် တံခွန်စိုက်ဆုရ အမျိုးသမီးဂျူဒိုအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ဝန်ကြီးချုပ်မှ တံခွန်စိုက်ဖလားအား လက်ခံရယူခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်မှ အမှာစကား ပြောကြားရာတွင် တိုင်းအဆင့်၊ နိုင်ငံအဆင့်၊ ကမ္ဘာအဆင့်အထိ အားကစားသည် အရေးပါသည့် ကဏ္ဍတွင်ပါဝင်နေကြောင်း၊ ကမ္ဘာနှင့်ယှဉ်ပြိုင်ရန်အတွက် အားကစား ထူးချွန်မှုသာမက ကျန်းမာကြံ့ခိုင်မှုရှိရန် လိုအပ်ကြောင်း၊ ခေတ်မီတိုးတက်သော နိုင်ငံဖြစ်ပေါ်ရေး အားကစားသည် အရေးပါသည့် အထောက်အကူဖြစ်သည့်အတွက် နောင်နှစ်များတွင်လည်း ဆုတံဆိပ်များ ပိုမိုရရှိရန် ကြိုးစားရမည်ဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဆုရအားကစားသမားများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

13-Jun-2018