ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်​မောင်ဝင်း ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရှင်းရေးဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေး၊ နွေစပါးစံကွက်ရိတ်သိမ်းမှု ကြည့်ရှုအားပေး

ပုသိမ်          မေ           ၁၀

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်(၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပ​ရေး၊ ဘုရား​စေတီပုထိုးများ၊ ဘုန်း​တော်ကြီး​ကျောင်းများ၊ စာသင်​ကျောင်းများ၊ ​ဆေးရုံများနှင့် လမ်း​ဘေးဝဲယာများ၌ အိမ်၊ လမ်း၊ ရွာ၊ ​ကျောင်း သန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဉ်စနေ့နေ့တိုင်း စုပေါင်းသန့်ရှင်းရေးကိုဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား အမှိုက်များစနစ်တကျစွန့်ပစ်စေရေးနှင့်ပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေရေး၊ ခြုံနွယ်များစနစ်တကျရှင်းလင်းစေရေးနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်း သပ်ရပ်မှုရှိစေရေး ကိုလည်း အလေးထားလိုက်နာ ဆောင်ရွက်သွားရန်ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း (Dip.EP) အမှတ်စဉ် (၁/၂၀၂၅) သင်တန်းသား၊ သင်တန်းသူများ၏ သင်တန်းတက်ရောက်နေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး သင်တန်းသားသင်တန်းသူများအေးချမ်းစွာ သင်တန်းတက်ရောက်နိုင်စေရေး၊ သွားလာနေထိုင်နေမှုများအဆင်ပြေစေရေးနှင့်လိုအပ်သည်များကူညီဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်လေတပ်စခန်းဌာနချုပ်သို့သွားရောက်၍ နေပြည်တော်သို့ လေ့လာရေးခရီးသွားရောက်ကြမည့် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅) သင်တန်းသားများနှင့် တွေ့ဆုံ၍ အားပေးစကားများပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး ပို့ဆောင်နှုတ်ဆက်ခဲ့သည်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ကညင်ငူကျေးရွာနှင့် နွားရေတိုက်ကျေးရွာရှိ နွေနှမ်း(၁၀)ဧက စံပြစိုက်ခင်းအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူဦးလှဦး၏ စိုက်ဧက(၄)ဧကတွင် နွားရေတိုက်လျှပ်စစ်မြစ်ရေတင်စီမံကိန်းဖြင့်ဆောင်ရွက်သည့် ဒုတိယသီးနှံ ရက်(၉၀)စပါး နွေစပါးစံကွက်ရိတ်သိမ်းနေမှုအားကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့် တွေ့ဆုံ၍ ဓါတုကင်းလွတ် ရေကြည်ပေါ်ဆန်းစပါးများတိုးတက်စိုက်ပျိုးနိုင်ရေး၊ အထွက်တိုးမျိုစပါးများပြောင်းလဲစိုက်ပျိုးစေရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိစေရေး၊ သီးထပ်စွမ်းအားတိုးတက်စိုက်ပျိုးနိုင်ရေးမှာကြားခဲ့သည်။ အဆိုပါ နွေစပါး အား  စံကွက်ရိတ်သိမ်းခဲ့ရာတွင် တစ်ဧကလျှင်ပျမ်းမျှ အစိုအထွက်နှုန်း( ၁၄၀ )တင်း၊ အခြောက်အထွက်နှုန်း(   ၁၃၀  )တင်းထွက်ရှိခဲ့ကြောင်းသိရသည်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဒါးက-မန္တလေးကုန်းတာ တာတမံအားနည်းသည့် နေရာများအားပြုပြင်ခြင်းလုပ်ငန်း  တာတမံအလျား၀.၃၄၁မိုင်၊ တာထိပ်ဝအကျယ် ၁၄ပေ၊ အောက်ခြေအကျယ် ၄၄ပေနှင့် ပျှမ်းမျှအမြင့် ၉.၅ပေရှိ တာတမံပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် တာတမံရေရှည်တည်တံ့ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းကြရန်နှင့် လုပ်ငန်းများသတ်မှတ်ကာလအတွင်း ပြီးစီးစေရေးမှာကြားခဲ့သည်။

10-May-2025