ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅ ခုနှစ်၊ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲနှင့် ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ပုသိမ်          မေ         ၂    

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌော စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တွင် ၂၀၂၅ ခုနှစ်၊ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲနှင့် ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့သည်။

ကဆုန်ညောင်ရေသွန်း လောင်းပူဇော်ပွဲနှင့် ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲနှင့် ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲအား နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ပါကြောင်း၊ ဆွမ်းဆန်တော်အလှူခံမည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ရန်နှင့် လောင်းလှူပူဇော်မည့် နေရာများအား ကြိုတင်စီမံဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်းနှင့် မဏ္ဍပ်များစနစ်တကျဆောင်ရွက်ရန်လိုပါကြောင်း၊ ညောင်ရေသွန်းပွဲနှင့် ဆွမ်းဆန် တော်လောင်းလှုပူဇော်ပွဲတွင် တိုင်းဒေသကြီးအတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ဌာနဆိုင်ရာ များ၊ အလှူရှင်များဖြင့် ကျင်းပနေမှုများကိုလည်း စနစ်တကျမှတ်တမ်းတင် ဆောင်ရွက်ရန် လိုပါကြောင်း၊ အခမ်းအနားကျင်းပမည့် စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်နှင့် စောင်းတန်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး အလေးထားဆောင်ရွက်ရန်လိုပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲနှင့် ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီများအလိုက် ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း” အမှာစကားပြောကြားသည်။ ထို့နောက် လုံခြုံရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ အခမ်းအနား ပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ သံဃာတော်များပင့်ဆောင်ရေး၊ ကြိုဆိုနေရာချထားရေးနှင့် ပြန်လည်ပင့်ဆောင်ရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေထိန်းသိမ်းသိမ်းရေးနှင့် စိစစ်ရေးလုပ်ငန်း ကော်မတီ၊ လှူဖွယ်ပစ္စည်းများစီစဉ်ရေးနှင့် ဆွမ်းဆန်တော်လောင်းလှူရေးလုပ်ငန်းကော်မတီ၊ လူပုဂ္ဂိုလ်ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေးလုပ်ငန်းကော်မတီ၊ သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေး လုပ်ငန်းကော်မတီတို့မှ တာဝန်ရှိသူများ၏ အထွေထွေဆွေးနွေးတင်ပြချက် များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲနှင့် ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

02-May-2025