တိုင်းဒေသကြီးဝန်ကြီးချုပ်၂၀၂၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ ရိုးရာလှေလှော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဧပြီ ၃၀

၂၀၂၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ ရိုးရာလှေလှော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပန်းတနော်မြို့နယ်၊ ဘုရားချောင်း ကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd တွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်များတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျား(၁၀)တက် မီတာ ၂၀၀ စံချိန်ယူယှဉ်ပြိုင်ပွဲ၊ မြန်မာနိုင်င်ငံလှေလှော်အဖွဲ့ချုပ်၊ မြန်မာ့လက်ရွေးစင်အသင်းအမျိုးသား၊ အမျိုးသား+ အမျိုးသမီးတို့၏ သရုပ်ပြလှေလှော်မှုများ၊ အမျိုးသမီး (၁၀) တက်မီတာ ၂၀၀ စံချိန်ယူ ယှဉ်ပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး (၁၀)တက် မီတာ(၂၀၀) စံချိန်ယူယှဉ်ပြိုင်ပွဲများနှင့် ဗိုလ်လုပွဲ တက်ရောက်ခဲ့ကြသည့်အသင်းများ၏ ဗိုလ်လုပွဲယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုပြုလုပ်ရာ အမျိုးသမီး မီတာ(၂၀၀) ၁၀တက် လှေလှော် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့်အသင်းများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို တိုင်းရင်းသားရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသမီး မီတာ(၅၀၀) ၁၀တက် လှေလှော်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့်အသင်းများအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကလည်းကောင်း၊ အမျိုးသား+ အမျိုးသမီး မီတာ(၂၀၀) ၁၀တက်လှေလှော်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသည့် အသင်းများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို လူမှုရေးရာဝန်ကြီးက လည်းကောင်း၊ အမျိုးသား မီတာ(၂၀၀) ၁၀တက်လှေလှော်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့်အသင်းများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို သယံဇာတရေးရာ ဝန်ကြီးကလည်းကောင်း၊ အမျိုးသား မီတာ(၅၀၀) ၁၀တက်လှေလှော်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့်အသင်းများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသား+အမျိုးသမီး မီတာ(၅၀၀) ၁၀တက်လှေလှော် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့်အသင်းများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို တရားသူကြီးချုပ်ကလည်းကောင်း၊ အမျိုးသမီးတံခွန်စိုက်ဆုရရှိသည့် မအူပင်ခရိုင် အသင်းအား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက လည်းကောင်း၊ အမျိုးသားတံခွန်စိုက်ဆုရရှိသည့် မအူပင်ခရိုင်အသင်းအား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုကိုGlobal Earth Agro & Aqua Industry Public Co., Ltd ဥက္ကဋ္ဌကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၂၅ခုနှစ်၊ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ ရိုးရာလှေလှော်ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အဖက်ဖက်မှပြည့်စုံစွာ ပံ့ပိုးကူညီဆောင်ရွက်ပေးပါသော Global Earth Agro & Aqua Industry Public Co., Ltd ဥက္ကဋ္ဌအား အမှတ်တရပန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ အားလည်းကောင်း မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ လှေလှော်သရုပ်ပြလက်ရွေးစင်အားကစား သမားများအား ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီး စုပေါင်းတံခွန်စိုက် ဆုရရှိသည့် မအူပင်ခရိုင်အသင်းအား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုကိုဆက်လက်ချီးမြှင့် ပေးအပ်ခဲ့ ကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းကျေးရွာ ရွှေကမ်းသာစံပြဈေးသစ်ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရွှေကမ်းသာစံပြဈေးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး၍ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ပြီး ရွှေကမ်းသာ စံပြဈေးသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ဈေးဆိုင်ခန်းများ၊ ဈေးသည်များအား နေရာချထားမှုများ၊ ဈေးရောင်းချရမှုအခြေအနေများအား ဆွေးနွေးမေးမြန်းခဲ့ပြီး ကုန်စိမ်းနှင့် အသားငါးများသန့်ရှင်းလတ်ဆက်မှုရှိစေရေး၊ ဈေးရောင်းချရာတွင်စနစ်တကျဖြစ်စေရေး၊ ဈေးအတွင်းရေစီးရေလာကောင်းမွန်စေရေးနှင့် ဈေးပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေရေး အလေးထား ဆောင်ရွက်ရန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာ တောင်သူဦးသိန်းဆိုင်ထွန်း၏ လယ်ဧက(၁)ဧကတွင် ပြုလုပ်သည့် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရန် ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲ အခမ်းအနားသို့ တက်ရောက်၍ တောင်သူများထံသို့ မျိုးစေ့များပေးအပ်ခဲ့ကာ ခရိုင်၊ မြို့နယ်စိုက်တိုးမြှင့် အဖွဲ့ဝင်များ၊ တောင်သူများနှင့်အတူ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိူးစေ့များ စုပေါင်းကြဲပက် ခဲ့ကြပြီး တောင်သူများအား မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိစေရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ အချိုးကျထည့်သွင်း ဆောင်ရွက်နိုင်ရေး၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများနှင့် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ များအားမေးမြန်းဆွေးနွေးခဲ့ပြီး တောင်သူများ၏တင်ပြချက်များ အပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ရေဆင်းပေါ်ဆန်း(၂) စံကွက် ရိတ်သိမ်းပွဲ အခမ်းအနားသို့ တက်ရောက်၍ စပါးရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့် တွေ့ဆုံ၍ အထွက်တိုးမျိုစပါးများပြောင်းလဲစိုက်ပျိုးစေရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိစေရေး၊ သီးထပ်စွမ်းအားတိုးတက်စိုက်ပျိုးနိုင်ရေးမှာကြားခဲ့သည်။ အဆိုပါ နွေစပါး ရေဆင်းပေါ်ဆန်း(၂)အား စံကွက်ရိတ်သိမ်းခဲ့ရာတွင် တစ်ဧကလျှင်ပျမ်းမျှ အစိုအထွက်နှုန်း ၁၁၀ တင်း၊ အခြောက်အထွက်နှုန်း ၁၀၄တင်း ထွက်ရှိ ခဲ့ကြောင်းသိရသည်။

30-Apr-2025