ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံအသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဧပြီ ၂၃

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းတွင် ကျင်းပပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်ခဲ့သည်။

ဦးစွာ ပြေးခုန်ပစ်အားကစားပြိုင်ပွဲ စစ်ကြောင်းမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌအား အလေးပြုခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက " နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် လူငယ်လူရွယ်များ၏ စွမ်းအားကို ရယူတည်ဆောက် ရမှာဖြစ်သည့်အတွက် လူငယ်လူရွယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံရေး၊ ကျန်းမာကြံ့ခိုင်ရေးအတွက် အဖွဲ့အစည်းအသီးသီးမှ လူငယ်ဆိုင်ရာ ကဏ္ဍများကိုဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအနေဖြင့် လူငယ်လူရွယ်များ ဗလငါးတန်နှင့် ပြည့်စုံရေးအတွက် ပြိုင်ပွဲများကို စဉ်ဆက်မပြတ်ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း၊ လူငယ်များကျန်းမာကြံ့ခိုင်စေရေး၊ ယနေ့ပြုလုပ်သည့် မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ် အောက် ပြေးခုန်ပစ် ပြိုင်ပွဲကို လူငယ်များကျန်းမာကြံ့ခိုင်စေရေး၊ မျိုးဆက်သစ် ပြေးခုန်ပစ်လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် အောင်မြင်မှုများရရှိစေရေး ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ပြေးခုန်ပစ်အားကစားတွင် နိုင်ငံ့ဂုဏ်ဆောင်လက်ရွေးစင်များထွက်ပေါ်ခဲ့ပြီး မျိုးဆက်သစ်ပြေးခုန်ပစ်အားကစားသမားများ ပေါ်ထွန်းလာရေးအတွက်လည်း နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်လှစ်ပေးခြင်း၊ နွေရာသီသင်တန်းများမှ ထူးချွန်လာသည့် အားကစားသမားများကို ရေရှည်စခန်းသွင်း လေ့ကျင့်ပေးလျက်ရှိပြီး အားကစားသမားများ တည်းခိုရေး၊ နေထိုင်ရေး၊ စားသောက်ရေးနှင့် ပညာရေးစသော အခြေအနေများကိုလည်း ဘက်စုံပြည့်စုံအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယနေ့ပြိုင်ပွဲမှတစ်ဆင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများ တိုးတက်ရရှိစေရေး အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်သွားကြရန်”အဖွင့်အမှာစကားပြောကြားကာ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာဓိဌာန်(၄)ချက် ရွတ်ဆိုခဲ့ကြပြီး ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ဘင်ခရာအဖွဲ့အား ချီးမြှင်ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမျိုးသမီး၊ အမျိုးသား မီတာ(၄၀၀)ပြိုင်ပွဲ ယှဉ်ပြိုင်မှုများအား ကြည့်ရှုအားပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ဧပြီလ(၂၃)ရက်နေ့မှ (၂၅)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ယနေ့နံပိုင်းတွင် အမျိုးသမီး၊ အမျိုးသား မီတာ(၄၀၀) လူရွေးပွဲ၊ အမျိုးသမီး မီတာ ၁၅၀၀ ဗိုလ်လုပွဲ၊ အမျိုးသမီး၊ အမျိုးသား လှံတံပစ် (ဗိုလ်လုပွဲ)၊ အမျိုးသမီး၊ အမျိုးသား မီတာ ၄၀၀ လက်ဆင့်ကမ်း (လူရွေးပွဲ)များပြုလုပ်ခဲ့ကြောင်း သိရသည်။

23-Apr-2025