ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် နာဂစ် (၁၀)နှစ်ပြည့် ပြည်သူလူထု အသိပညာပေးအစီအစဉ်သို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂.၅.၂၀၁၈) ရက်နေ့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် နာဂစ် (၁၀)နှစ်ပြည့် ပြည်သူလူထု အသိပညာပေးအစီအစဉ်သို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ အမှာစကား ပြောကြားခဲ့ပြီး ဝန်ကြီးချုပ်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ တက်ရောက်လာသူများမှ (၁)မိနစ်ခန့် ငြိမ်သက်စွာဖြင့် နာဂစ်မုန်တိုင်းတွင် သေဆုံးသွားသူများအား ဆုတောင်းမေတ္တာပို့သကာ ပြည်ထောင်စုဝန်ကြီးမှ လပွတ္တာလူငယ်အားမာန်သင်တန်းကျောင်းမှ သင်တန်းသား/သင်တန်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။

ထို့နောက် ပုသိမ်မြို့၊ ဝိဿခါဓမ္မာရုံ၌ နာဂစ်မုန်တိုင်း တိုက်ခံရခြင်း (၁၀)နှစ်ပြည့် အထိမ်းအမှတ် မေတ္တာပို့ အမျှအတန်းပေးဝေခြင်း အခမ်းအနားသို့ တက်ရောက်ကာ ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်ခဲ့ပြီး သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူဆောက်တည်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

10-May-2018