ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဆဌမအကြိမ်မြောက် ဒသမတန်းကျောင်းသား၊ ကျောင်းသူ လူရည်ချွန် အပန်းဖြေစခန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁.၅.၂၀၁၈) ရက်နေ့တွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုဝန်ကြီး ဦးဝင်းမော်ထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၊ ပုလဲငွေဆောင်ဟိုတယ်၌ ကျင်းပပြုလုပ်သည့် ဆဌမအကြိမ်မြောက် ဒသမတန်းကျောင်းသား၊ ကျောင်းသူ လူရည်ချွန် အပန်းဖြေစခန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး လူရည်ချွန်လူငယ်မောင်မယ်များအား အမှာစကားပြောကြားကာ ဆုတံဆိပ်များ ချီးမြှင့်ပေးခဲ့ပါသည်။

10-May-2018