ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကက်သလစ်လူငယ်များနှင့် ပုသိမ်မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းပြုလုပ်သော စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေသည့် နေရာများသို့ လိုက်လံကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၉.၄.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်လူငယ်များနှင့် ပုသိမ်မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းပြုလုပ်သော စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေသည့် နေရာများသို့ လိုက်လံကြည့်ရှုခဲ့ပါသည်။ အဆိုပါ ပုသိမ်မြို့၊ ကက်သလစ်လူငယ်များသည် လူငယ်အင်အား (၂၀၉၈)ဦးဖြင့် ပုသိမ်မြို့တွင်း နေရာ (၁၄)နေရာခွဲ၍ အမှိုက်များ သန့်ရှင်းရေး စုပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

10-May-2018