ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဓနုဖြူမြို့နယ်၊ ရေတွင်းကုန်းကျေးရွာရှိ ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညို

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၈.၄.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဓနုဖြူမြို့နယ်၊ အမှတ် (၁)ရပ်ကွက်နှင့် အမှတ် (၁၅)ရပ်ကွက်ကြားရှိ ဓနုဖြူခံတပ်မြို့ရိုးအား ကြည့်ရှုခဲ့ပြီးနောက် ဓနုဖြူမြို့နယ်၊ ရေတွင်းကုန်းကျေးရွာရှိ ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီးအား ဝင်ရောက်ဖူးမြှော်ကြည်ညို၍ အလှူငွေများ ပေးအပ်ခဲ့ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စေတီတော်ကြီးဝန်းအတွင်း၌ တည်ရှိသော ပိဋိကတ်သုံးပုံကျောက်စာတိုက်ကြီးရှိ ရှေးဟောင်းသမိုင်းဝင်ကျောက်စာချပ်များအား ကြည့်ရှုခဲ့ပါသည်။

10-May-2018