ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ရခိုင်ပြည်နယ်သို့ အကူအညီပေးရေးနှင့် Town Plan ရှင်းလင်းပွဲ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၈.၄.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မအူပင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ရခိုင်ပြည်နယ်သို့ အကူအညီပေးရေးနှင့် Town Plan ရှင်းလင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်သို့ အကူအညီပေးရေးအတွက် မြို့နယ်အလိုက် စုစုပေါင်းလှူဒါန်းငွေ (၆၄၀၈၈၆၅၀)ကျပ်အား လက်ခံခဲ့ပါသည်။

03-May-2018