ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဗျင်းဘွဲကျေးရွာရှိ ဝေနေယျသုခဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် ကယ်ဆယ်ရေးပစ္စည်းနှင့် ကယ်ဆယ်ရေးရန်ပုံငွေထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၈.၄.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဓနုဖြူမြို့နယ်၊ ဗျင်းဘွဲကျေးရွာအုပ်စု၊ ဗျင်းဘွဲကျေးရွာရှိ ဝေနေယျသုခဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် ကယ်ဆယ်ရေးပစ္စည်းနှင့် ကယ်ဆယ်ရေးရန်ပုံငွေထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မအူပင်ခရိုင်အတွင်းရှိ ပြိုကျနေအိမ် (၉၈)လုံးအတွက် (၁)အိမ်လျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း (၂၉၄၀၀၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

03-May-2018