ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မအူပင်စက်မှုဇုန်စီမံကိန်းရှင်းလင်းဆောင်၌ စက်မှုဇုန်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ထားမှု အခြေအနေများအား လိုအပ်သည်များ ဆွေးနွေးမှာကြား

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၈.၄.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မအူပင်မြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စုရှိ မအူပင်စက်မှုဇုန်စီမံကိန်းရှင်းလင်းဆောင်၌ လွှတ်တော်ကိုယ်စားလှယ်များ၊ မအူပင်ဖွံ့ဖြိုးတိုးတက်ရေးအများနှင့်သက်ဆိုင်သော ကုမ္ပဏီမှတာဝန်ရှိသူများ၊ မအူပင်စက်မှုဇုန်စီမံကိန်းအဖွဲ့ဝင်များ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ တာဝန်ရှိသူများမှ စက်မှုဇုန်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ထားမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ပါသည်။

03-May-2018