ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ငပုတောမြို့နယ်၊ လိပ်ချောင်းကျေးရွာအုပ်စုနှင့် ညောင်ချောင်းလေးကျေးရွာအုပ်စုတို့ ထိစပ်လျက်ရှိသော ပမ္မဝတီမြစ်အတွင်း လက်ရှိကူးတို့ဆိပ်နေရာ၌ ဇက်ဆိပ်ချဉ်းကပ်လမ်းတည်ဆောက်နေမှု၊ ဇက်ဆိပ်ရေဆင်းလမ်း ကွန်ကရစ်ခင်းနေမှုများကို ကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၃.၄.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ လိပ်ချောင်းကျေးရွာအုပ်စု၊ ခြံကွင်းကျေးရွာသို့ သွားရောက်၍ မြောင်းမြမြို့၊ မြောင်းမြကြိုးတံတားပျက်ကျခဲ့ခြင်းကြောင့် မြောင်းမြခရိုင်နှင့်လပွတ္တာခရိုင်အတွင်းရှိ ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကုန်စည်စီဆင်းမှုတို့အတွက် လမ်းပန်းဆက်သွယ်ရေးအဆင်ပြေချောမွေ့စေရန်၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ လိပ်ချောင်းကျေးရွာအုပ်စုနှင့် ညောင်ချောင်းလေးကျေးရွာအုပ်စုတို့ ထိစပ်လျက်ရှိသော ပမ္မဝတီမြစ်အတွင်း လက်ရှိကူးတို့ဆိပ်နေရာ၌ ဇက်ဆိပ်ဆောက်လုပ်သွားမည်ဖြစ်သဖြင့် အဆိုပါကျေးရွာ (၂)ရွာရှိ ဇက်ဆိပ်ချဉ်းကပ်လမ်းတည်ဆောက်နေမှု၊ ဇက်ဆိပ်ရေဆင်းလမ်း ကွန်ကရစ်ခင်းနေမှုများကို ကြည့်ရှုခဲ့ပါသည်။

 

လပွတ္တာခရိုင်အတွင်းရှိ မြို့နယ်များ၏ လမ်းပန်းဆက်သွယ်မှု၊ ကုန်စည်စီးဆင်းမှု မြန်ဆန်သွက်လက်စေရေးတို့အတွက် လမ်းဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် အမြန်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြောင်းမြမြို့ဘက်ခြမ်းရှိ ညောင်ချောင်းလေးကျေးရွာအုပ်စုတွင် ကားရပ်နားစောင့်နိုင်ရေး၊ ပြည်သူလူထုအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး၊ မြောင်းမြမြို့တွင် ဇက်ကူးသန်းမှု နှောင့်နှေးကြန့်ကြာနေမှုကို လျော့ပါးသက်သာစေနိုင်ခြင်းနှင့်  ဇက်ရေယာဉ်များ ချောမွေ့စွာ ဆိုက်ကပ်နိုင်ရေးတို့ကို ကြည့်ရှု၍ လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ပါသည်။

 

အဆိုပါ လမ်းပိုင်းအား ၂၀၁၈ ခုနှစ်၊ ဧပြီလ (၂၄)ရက်နေ့မှ စတင်၍ ကူးသန်းဆက်သွယ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

 

03-May-2018