ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြည်မြို့နယ်အတွင်း လမ်းဖွင့်ပွဲများ၊ နေကြာစိုက်ခင်းများနှင့် မြစ်ရေတင်စီမံကိန်းဖွင့်ပွဲအခမ်းအနားများတက်ရောက်

ပုသိမ်       ဖေဖော်ဝါရီ        ၆

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည်  (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ကျင်းပသည့် ကျုံပျော်မြို့၊ အောင်ဇေယျလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများအား တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးက ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကာ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အကအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ အဆိုပါလမ်းသည် ကျုံပျော်မြို့နယ်စည်ပင်သာယာရေးကော်မတီ၏၂၀၂၄- ၂၀၂၅ ခု ၊ ဘဏ္ဍာရေးနှစ်၊ ရန်ပုံငွေဖြင့် ဆောင်ရွက်သော လမ်းဖြစ်ပြီး လမ်းအရှည် ၈ဝ၅ပေ၊ အကျယ် ၁၀ပေနှင့် ထု၆လက်မရှိကြောင်းသိရသည်။ ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည်  ကျုံပျော်မြို့နယ်၊ မြေရဲတောင်ကျေးရွာအုပ်စုရှိ တောင်သူဦးတင်ရှိန်၏ စိုက်ဧက(၃)ဧကတွင် စိုက်ပျိုးထားသည့် Super Sun-41 နေကြာစိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှု၊ နေကြာသီးနှံ မျိုးယှဥ်ပြိုင် သုတေသနစမ်းသပ်ကွက်နှင့် နေကြာဝတ်မှုန်ကူးခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ပိုးမွှားအန္တရာယ်မကျရောက်စေရေး၊ ဝတ်မှုန်ကူးခြင်းများအတွက် ပျားပုံးများထားရှိမှု၊ ရေ၊ မြေဩဇာအချိန်ကိုက် ထည့်သွင်းအသုံးပြုနိုင်ရေးတို့ကို မှာကြားခဲ့သည်။ ထို့နောက် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ကျင်းပသည့် ရေကြည်မြို့၊ လမ်းမတော်မြို့ပတ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများအား တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးက ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ထို့နောက် ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အကအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ အဆိုပါလမ်းသည် ရေကြည်မြို့နယ်စည်ပင်သာယာရေးကော်မတီ၏၂၀၂၄- ၂၀၂၅ ခု ၊ ဘဏ္ဍာရေးနှစ်၊ ရန်ပုံငွေဖြင့် ဆောင်ရွက်သော လမ်းဖြစ်ပြီး လမ်းအရှည် ၁၃၂၀ပေ၊ အကျယ် ၁၆ပေနှင့် ထု၈လက်မရှိကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာရှိ တောင်သူဦးလှမြင့်၏ စိုက်ဧက(၅)ဧကတွင် စိုက်ပျိုးထားသည့် ရေဆင်းစပ်မျိုး(၁)နေကြာအောင်မြင်ဖြစ်ထွန်းနေမှုများနှင့် ဆိုလာစနစ်ဖြင့် ရေသွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေးပြီး ပိုးမွှားအန္တရာယ်မကျရောက်စေရေး၊ ဝတ်မှုန်ကူးခြင်းများအတွက် ပျားပုံးများထားရှိမှု၊ ရေ၊ မြေဩဇာအချိန်ကိုက် ထည့်သွင်းအသုံးပြုနိုင်ရေးနှင့် အောင်မြင်ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်ကြရန်တို့ကို မှာကြားခဲ့သည်။ ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ကညင်ငူကျေးရွာတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ကျင်းပသည့် နွားရေတိုက်လျှပ်စစ်မြစ်ရေတင်စီမံကိန်း (၁၀၀၀)ဧက ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီး စီမံကိန်းဆောင်ရွက်ပြီးစီးမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် စီမံကိန်းရှင်းလင်းဆောင်တွင် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ နွားရေတိုက်လျှပ်စစ်မြစ်ရေတင်စီမံကိန်းအား (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်မှစပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခု(၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်မှစ၍ ဆောင်ရွက်ပြီးစီးသည့်အပိုင်းများမှ အကျိုးပြုဧက(၅၀၀)အား ရေစတင်ပေးဝေသွားမည်ဖြစ်ပါကြောင်း၊ စီမံကိန်းမဆောင်ရွက်မီက နွားရေတိုက်စီမံကိန်းတွင်ရှိသည့် လယ်၊ ယာများတွင်  ရေကြီးနစ်မြုပ်သဖြင့် ရေကျနောက်စိုက် စပါးကိုသာ အဓိကအားထားစိုက်ပျိုးနေရ၍  အောင်ရေလိုအပ်ချိန်တွင် ရေအခက်အခဲ ကြုံတွေနေရပါကြောင်း၊ မြစ်ရေတင် အနေဖြင့်ရေပေးဝေနိုင်သဖြင့် တောင်သူများသီးထပ်စွမ်းအား တိုးချဲ့ စိုက်ပျိုးလာနိုင်မည့်အပြင် အရည်အသွေးပြည့်ဝသည့် ဈေးကွက်ဝင်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုမြစ်ရေတင်စီမံကိန်းဆောင်ရွက်ပေးခြင်းအားဖြင့် ရေကျနောက်စိုက် မိုးစပါးကို စိုက်ပျိုးနိုင်သည့်အပြင် ဒုတိယသီးနှံဖြစ်သောနွေစပါးကို ဆက်လက်စိုက်ပျိုးသွားနိုင်မည်ဖြစ်သည့်အတွက် ဒေသခံတောင်သူများ၏ လူမှုစီးပွားဘဝတိုးတက်ဖို့များစွာအထောက်အကူ ဖြစ်စေမည်ဖြစ်ပါကြောင်း၊  နိုင်ငံတော်ကငွေကြေးအမြောက်အမြားအကုန်အကျခံပြီး ဆောင်ရွက်ပေးထားသော မြစ်ရေတင်စီမံကိန်းအားရေရှည်တည်တံ့အောင်သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းပြီးထိန်းသိမ်းစောင့်ရှောက်သွားရန်လိုပါကြောင်း”  တိုက်တွန်းအမှာစကားပြောကြားသည်။

ဆက်လက်၍ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)၊ တိုင်းဒေသကြီးဦးစီးမှူးက နွားရေတိုက်လျှပ်စစ်မြစ်ရေတင်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် ဒေသခံတောင်သူတစ်ဦးက နွားရေတိုက်လျှပ်စစ်မြစ်ရေတင်စီမံကိန်း ဆောင်ရွက်ပေးမှုအတွက် ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ၂၀၂၄ - ၂၀၂၅ခုနှစ်၊ နွားရေတိုက်လျှပ်စစ်မြစ်ရေတင်ဖြင့် နွေစပါးစိုက်ပျိုးသည့် တောင်သူများအား သွင်းအားစု(မျိုးစပါးနှင့်ဓာတ်မြေဩဇာ) ပေးအပ်ခဲ့ရာ ဒေသခံတောင်သူများက လက်ခံရယူခဲ့ပါသည်။ ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန (မြောင်းမြ)၏သုတေသနအရာရှိ (တာဝန်ခံ)ဒေါ်ဖြူပြာလွင်က ဓါတုကင်းလွတ် ပေါ်ဆန်းစပါး စိုက်ပျိုးရေးနှင့်ပတ်သက်၍လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက သီးထပ်စွမ်းအား၊ သီးနှံစိုက်စွမ်းအား တိုးတက်မြင့်မားရေးနှင့် မျိုးကောင်းမျိုးသန့်များ ရရှိစိုက်ပျိုးရေးအတွက်လည်းကောင်း၊ မြေစာရင်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက သီးနှံစိုက်စွမ်းအားနှင့် သီးထပ်တိုးတက်စေရေး၊ ရိုးပြတ်ကျန်ဧကများလျော့နည်းစေရေး၊ မြေလပ်မထားဘဲ မြေကိုအကျိုးရှိစွာ အသုံးချရေးနှင့် ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နွားရေတိုက်လျှပ်စစ်မြစ်ရေတင်စီမံကိန်း ပင်မမြောင်း ၈၂၀၀ ပေ မြောင်းအဆုံးသို့ရေရောက် ရှိမှုနှင့်၊ ဒုတိယသီးနှံဖြစ်သောနွေစပါးရေသွင်းစိုက်ပျိုးနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရပါသည်။

06-Feb-2025