ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတတက္ကသိုလ်၌ပြုလုပ်သည့် ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဖေဖော်ဝါရီ ၄
၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ ပထနှစ်သင်တန်း( ၂၀၂၄အောင်) ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဟင်္သာတတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင်ပြုလုပ်ခဲ့ရာ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခ(ဌာနမှူး)များ၊ ဆရာဆရာမများ၊ မောင်မယ်သစ်လွင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တက္ကသိုလ်မှ ပို့ချနေသည့် ပညာရပ်များသည်ပညာရပ်တစ်ခုအဖြစ် ခိုင်ခိုင်မာမာဖြစ်ထွန်းလာရန် သုတေသနများ၊ တီထွင်မှုစွမ်းအား၊ လုံ့လဝီရိယစွမ်းအားများနှင့် တည်ဆောက်ထားသည့်ပညာရပ်များ ဖြစ်ပါကြောင်း၊ ဟင်္သာတတက္ကသိုလ်၌ ဝိဇ္ဇာ၊ သိပ္ပံအထူးပြုဘာသာရပ်များအပြင် ဥပဒေပညာ၊ စီးပွားရေးပညာရပ်များကို တိုးချဲ့ဖွင့်လှစ်ထားပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး၏ သဘာဝအရင်းအမြစ်ကို အသုံးချပြီး ဒေသအကျိုးကို ရှေးရှုပြီးပို့ချမည့် အသုံးချဘာသာရပ်နှစ်ခုဖြစ်သည့် စိုက်ပျိုးရေးဓာတုဗေဒ (Agricultural Chemistry)၊ ငါးပညာသိပ္ပံ(Fisheries. Science)ဆိုသည့်အသုံးချဘာသာရပ်နှစ်ခု အောင်မြင်စွာဖွင့်လှစ်ထားသည်မှာ(၃)နှစ်ရှိပြီဖြစ်၍ လာမည့်နှစ်တွင်ပညာရှင်များမွေးထုတ်ထားသည့် တက္ကသိုလ်အဖြစ်ရောက်ရှိတော့မည်ဖြစ်၍ ဧရာဝတီတိုင်းဒေသကြီးအတွက် ဂုဏ်ယူစရာတက္ကသိုလ်တစ်ခု ဖြစ်လာတော့မည်ဆိုတာမောင်မယ်တို့ကို အသိပေးပြောကြားလိုပါကြောင်း၊ ထို့ကြောင့်မောင်မယ်တို့ကလည်း ဧရာဝတီ တိုင်းဒေသကြီးအတွက်သာမက နိုင်ငံတော်၏ ဒေသအသီးသီး၌ရှိသည့် သဘာဝအရင်းအမြစ်များကို အသုံးချနိုင်သည်အထိ အတတ်ပညာ ၊ အသိပညာကို စေ့စေ့စပ်စပ်သေသေချာချာ မွန်မွန်မြတ်မြတ် လေးလေးနက်နက် လေ့လာဆည်းပူးကြရန်လိုပါကြောင်းနှင့် ဘွဲ့ရပညာရှင် တစ်ဦးဖြစ်အောင် လေ့လာဆည်းပူးကြရန် မှာကြားလိုပါကြောင်း၊ တက္ကသိုလ်ဆိုသည်မှာ ပညာရှင်တစ်ဦးဖြစ်လာအောင် ပြုစုပျိုးထောင်ပေးသည့် နေရာတစ်ခုသာမက အားကစား၊ တေးဂီတ၊ ပန်းချီ၊ စာပေရေးသားမှုဆိုသည့် အားကစားအသင်းအဖွဲ့များ၊ အနုပညာအသင်း မဂ္ဂဇင်း စာစောင်များတွင် မိမိတို့ဝါသနာများကို ပြုစုပျိုးထောင်ခွင့်ပေးနေသည့်နေရာလည်းဖြစ်ပါကြောင်းနှင့် မောင်မယ်တို့ကို ဗလငါးတန် ဖွံ့ဖြိုးအောင်လည်းပြုစုပျိုးထောင်သည့်နေရာလည်းဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့် အနေဖြင့် ကိုယ်ကျင့်တရားနှင့် စာရိတ္တပိုင်းတွေမှာ ကောင်းမွန်အောင် နေထိုင်ကျင့်ကြံရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်များကိုထိန်းသိမ်းစောင့်ရှောက်ကြရန်လိုပေါကြောင်း၊ ဆင်ခြင်ဉာဏ်တရားလက်ကိုင်ထားပြီး အသိတရားများဖြင့် မိမိတို့၏ဘဝ၊ တိုင်းဒေသကြီးနှင့်နိုင်ငံ့အကျိုးသယ်ပိုးနိုင်သူများဖြစ်အောင်ကြိုစားကြရန်” မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက် စကားများပြောကြားခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ ဟင်္သာတတက္ကသိုလ်ပါမောက္ခချုပ်က လက်ခံရယူခဲ့သည်။ ထို့နောက် ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားများပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေမှုမှုများကို ဆက်လက်ကြည့်ရှုအားပေးခဲ့သည်။