ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် လေပြင်းတိုက်ခတ်ခြင်းခံခဲ့ရသော လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများပေးအပ်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၀.၄.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မြန်အောင်မြို့နယ်၊ သပြေကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းရှိ သပြေခန်းမဆောင်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ခဲ့သော မြန်အောင်မြို့နယ်ရှိ လေဘေးသင့်အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကာ သပြေကုန်းကျေးရွာအုပ်စု၊ ညောင်တေးကျေးရွာနှင့် ငှက်ပျောတောကျေးရွာများမှ နေအိမ်များ ပျက်စီးနေမှု အခြေအနေကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။

 

ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၁၂၃၀)အချိန်တွင် မြန်အောင်မြို့၊ ပြည်သူ့ဆေးရုံသို့ ရောက်ရှိကာ လူနာများအား အားပေးစကားပြောကြားခဲ့ပြီး ကုတင် (၁၀၀)ဆံ့ဆေးရုံ ဆောက်လုပ်နေမှုကို ကြည့်ရှုခဲ့ပါသည်။

 

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၁၃၁၅)အချိန်တွင် ကြံခင်းမြို့နယ်၊ အင်းကောက်ကျေးရွာ၊ အင်းကောက်ဘုန်းကြီးကျောင်း၌လည်းကောင်း၊ (၁၄၄၀)အချိန်တွင် ကြံခင်းမြို့နယ်၊ ဘက်ရဲအုပ်ချုပ်ရေးမှူးရုံး၌လည်းကောင်း၊ (၁၅၄၀)အချိန်တွင် မြန်အောင်မြို့နယ်၊ မြင်ဝါးတောင်ကျေးရွာအုပ်စု၊ မင်္ဂလာသုခဘုန်းကြီးကျောင်း၌လည်းကောင်း လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။

 

အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြိုကျနေအိမ် (၁၇၆)လုံးအတွက် (၁)အိမ်လျှင် ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် ငွေကျပ် (၅၂၈၀၀၀၀)အားလည်းကောင်း၊ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ စုစုပေါင်းငွေကျပ် (၃၀၉၇၂၇၀၀)ကျပ်ရှိ ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများအားလည်းကောင်း၊ ကြံခင်းမြို့နယ်၊ လေဘေးသင့်ပြည်သူများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြိုကျနေအိမ် (၆)လုံးအတွက် (၁)အိမ်လျှင် ငွေကျပ် (၃၀၀၀၀)ကျပ်နှုန်းဖြင့် ငွေကျပ် (၁၈၀၀၀၀)ကျပ်အားလည်းကောင်း၊ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ စုစုပေါင်းငွေကျပ် (၁၀၆၇၃၀၀)ကျပ်ရှိ ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများအားလည်းကောင်း အသီးသီးထောက်ပံ့ပေးခဲ့ပါသည်။

30-Apr-2018