တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ သပေါ့ကန်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းနှင့် ရွှေသောင်ယံမြို့အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆရာ၊ ဆရာများနှင့်တွေ့ဆုံဆွေးနွေး၊ ပုသိမ်-​ရှောပြာ-ချောင်းသာ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ပုသိမ်         ဇန်နဝါရီ        ၁၂

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ သပေါ့ကန်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းနှင့် ရွှေသောင်ယံမြို့အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆရာ၊ ဆရာများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သပေါ့ကန်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိ၍ဆရာ၊ ဆရာမများနှင့်တွေ့ဆုံခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးဆောင်ရွက်ထားရှိမှုများ၊ ဝန်ထမ်းအိမ်ရာလိုအပ်ချက်များ၊ ကျောင်းဆောင်လိုအပ်ချက်များကို တင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူများအတွက်ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေသောင်ယံမြို့အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံခဲ့ကာ ကျောင်းတက်ရောက်မှုအခြေအနေများအား မေးမြန်းခဲ့ပြီး လိုအပ်သည်များကိုပေါင်းစပ် ညှိနှိုင်း​ဆောင်ရွက်ပေးခဲ့ကာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့​နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်-​ရှောပြာ-ချောင်းသာလမ်း ၁၈/၀ မိုင် မှ ၃၅/၀ မိုင်အတွင်း ပေ ၄၀ အကျယ် လမ်းတာ​ဘောင်ချဲ့ခြင်း ၂၄ ​ပေအကျယ် ကတ္တရာခင်းခြင်းလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ အချိန်မီအမီပြီးစီး​​စေရေးနှင့် အရည်အ​သွေးပြည့်မီ​စေ​ရေး အ​လေးထား ​ဆောင်ရွက်ရန် မှာကြားခဲ့​ကြောင်း သိရှိရပါသည်။

12-Jan-2025