ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၈.၄.၂၀၁၈)ရက်နေ့တွင် လေပြင်းတိုက်ခတ်ခြင်းခံခဲ့ရသော လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများပေးအပ်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၈.၄.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ အင်္ဂပူမြို့နယ်၊ ကွင်းကောက် (မြောက်)ကျေးရွာ၊ မြတ်ဓမ္မရောင်ခြည်တန်ဆောင်း၌ (၁၇.၄.၂၀၁၈)ရက်နေ့တွင် လေပြင်းတိုက်ခတ်ခြင်းခံခဲ့ရသော ကျေးရွာ (၁၇)စုမှလေဘေးသင့်ပြည်သူများအားလည်းကောင်း၊ နေ့လည်ပိုင်းတွင် ကွင်းကောက်ခြောက်ရွာ၊ အထကကျောင်းတွင် ဆရာ/ဆရာမများလည်းကောင်း၊ ညနေပိုင်းတွင် ဟင်္သာတမြို့နယ်၊ လဟာပကျေးရွာ၊ ဘုန်းကြီးကျောင်း၌ လေဘေးသင့်အိမ်ခြေ (၄၂)လုံးမှ လေဘေးသင့်ပြည်သူများအားလည်းကောင်း ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများ အသီးသီးပေးအပ်ခဲ့ပြီး လဟာပကျေးရွာမှ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်းနေအိမ်တစ်လုံးအား သွားရောက်ကြည့်ရှုခဲ့ပြီး အားပေးစကား ပြောကြားခဲ့ပါသည်။

30-Apr-2018